Friday, 6 March 2015

ကချင် အသင်းတော်များ တနိုင်းမြို့ရှိ ဘိန်းခင်း ဧက ၂ ထောင်ကျော် ဖျက်ဆီး

အသင်းတော် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့အား ဟူးကောင်းချိုင့်ဝှမ်း Wa Ra Zup ကျေးရွာတွင် ကြိုဆိုနေပုံ
http://burmese.kachinnews.com/
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့ရှိ ခရစ်ယာန်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့များဦးဆောင်ပြီး မူးယစ်ဆေးဝါးများပေါများရာ ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဘိန်းခင်းဧကပေါင်း ၂၂၃၆ ကို ရက်ပေါင်း ၁၉ ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဘိန်းခင်းဖျက်ဆီးပေးခဲ့သောနေရာများသည် တနိုင်းမြို့အနောက်ဘက် မိုင် ၂၀ ကျော်ရှိ တဝမ် (Tawang)၊ အနောက်တောင် တရုန် (Tarung) နှင့် တနိုင်းမြစ်ဖျားတလျှောက် ဂန်ဒေါင်ယန် (Gangdau Yang) ရှိ ဘိန်းခင်းများ ဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင်ပါဝင်သူ ဦးတန်လွမ်လရိန် ပြောသည်။

ထိုသို့ဘိန်းခင်းများဖျက်ဆီးအဖွဲ့မှလာရောက်ချိန်တွင် ဘိန်းခင်းပိုင်ရှင်တို့ကြား အခက်ခဲများနှင့် ခြိမ်းခြောက်မှုများ လည်း ရင်ဆိုင်ခဲ့ရကြောင်း ပြောသည်။

“ဆန့်ကျင်တဲ့သူတွေက အများကြီးပဲ Tarung မှာက ရခိုင် ၁၀ ယောက်ကျော်က လက်နက်နဲ့ သတ္တိရှိတဲ့ လူလာခဲ့ ပစ်သတ်လိုက်မယ်ဆိုပြီး ကျနော်တို့လာနေတဲ့ လမ်းတွေမှာ စာတွေရေးထားတာ တချို့က ကျနော်တို့ကိုပစ်ဖို့ ချိန်နေတဲ့ကြားက ဘုရားကျေးဇူးတော်ကြောင့် ကျနော်တို့ရောက်လာရင် ပြန်ထွက်ပြေးသွားကြတယ်။”

ကချင်ပြည်နယ်ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံဖြစ်သော မြစ်ကြီးနားဒေသ၊ ဝိုင်းမော်ဒေသ၊ မိုးကောင်းဒေသ၊ ဖားကန့်ဒေသ၊ တနိုင်းဟူး ကောင်းချိုင့်ဝှမ်းဒေသမှ စုပေါင်းကာ မူးယစ်တိုက်ဖျက်ရေလူဦးရေ ၅၀၀ ကျော် အဖွဲ့ ၃ ဖွဲ့ခွဲကာ တိုက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းအဖွဲ့မှသိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်မှ မတ်လ ၂ ရက်နေ့ထိ ဘိန်းခင်းများရှိရာသို့ချီတက်ကာ ဖျက်ဆီးခဲ့ရာတွင် အောင်မြင်စွာပြုလုပ်ခဲ့ရပြီး ခရီးစဉ်အတွင်း လဝါး (Lawa) မှ ကချင်အမျိုးသမီး ၃ ဦးလည်း ပြီးဆုံးသည်ထိ ပါဝင်ခဲ့ကြောင်း ဘိန်းခင်းတိုက်ဖျက်အဖွဲ့ဝင်များပြောသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ နှစ်ခန့်ထိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ လွတ်လပ်စွာ ပြုလုပ်နေခဲ့ပြီး ဘိန်းစိုက်ပျိုးမှုများလည်းရှိနေခြင်းကြောင့် မူးယစ်ဆေးဝါးများကို လွယ်ကူစွာရရှိနိုင်သကဲ့သို့ ကချင်လူထုကြား လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုတိုးပွားလာကာ ရာဇ၀တ်မှုများ များပြားလာသော ကြောင့် ခရစ်ယာန်အသင်းတော်များဦးဆောင်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ ဖွဲ့စည်းကာ ပြီးခဲ့သည့်နှစ်မှ ထိရောက်စွာအရေးယူနေခြင်းဖြစ်သည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate