Tuesday, 10 March 2015

ကချင်မှပြန်လာသူနှစ်ဦး မင်းပြားတွင် ဖမ်းဆီးထိန်းသိမ်းခံရ

Minbya signboard

စံမောင်သန်း
(စစ်တွေ) မတ်လ ၉ ရက်

ကချင်ပြည်နယ်မှ ပြန်လာသူ ဒေသခံ ရခိုင်အမျိုးသား နှစ်ဦးကို မင်းပြားမြို့နယ်တွင် ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု သတင်း ရရှိသည်။
ဖမ်းဆီး ထိန်းသိမ်းခံထားရသူနှစ်ဦးမှာ မင်းပြားမြို့နယ် ဒုံးသားကျေးရွာမှ ဦးသိန်းကျော်အောင် (၃၆ နှစ်) (ဘ) ဦးထွန်းစိန်ဦး (မိ) ဒေါ်မညွန့်နှင့် ကိုသန်းဌေးအောင် (၂၂ နှစ်) (ဘ)  ဦးခေါင်းချွန်းဦး (မိ) ဒေါ်အးချေတို့ ဖြစ်ကြောင်း သိရသည်။
သူတို့ နှစ်ဦးသည် ကချင်မှ ပြန်လာသည်မှာ တစ်ပတ်ကျော်ခန့် ကြာပြီးနောက် လွန်ခဲ့သော မတ်လ ၃ ရက်နေ့က သူတို့နေထိုင်ရာ ဒုံးသားကျေးရွာမှ မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ယူသွားခဲ့သည်ဟု ဦးကျော်သိန်းအောင်၏ အစ်ကို ဖြစ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ သူတို့ကို ဖမ်းဆီးတယ်ဆိုပေမယ့် ရဲစခန်းထဲမှာ အကျယ်ချုပ် သဘောမျိုး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ စခန်းထဲကနေ အပြင်ကိုတော့ ထွက်ခွင့်မရပါဘူး။ မိသားစုတွေနဲ့ တွေ့ခွင့်ရပါတယ်။ ကျွန်တော်ကတော့ သူတို့နဲ့ အတူ စောင့်အိပ်ရပါတယ်” ဟု ပြောသည်။
ဖမ်းဆီးထားသည်မှာ ခုနှစ်ရက်ခန့် ကြာနေပြီး ဖြစ်သော်လည်း ပြန်လည် လွတ်မပေးသေးသဖြင့်
မိသားများက စိုးရိမ်နေကြသည်ဟု သိရသည်။
“ ရဲကတော့ သူတို့က စစ်ဆေး ပြီးပါပြီ။ သူတို့က သာမန် အရပ်သားတွေ ဖြစ်တယ်ဆိုတာကိုလည်း မင်းပြားရဲတပ်ဖွဲ့ကနေ ပြည်နယ်ကို အစီရင်ခံလိုက်ပြီ သိရပါတယ်။ ဒါပေမယ့် အထက်က အမိန့်ကျမလာသေးတဲ့ အတွက် လွတ်မပေးနိုင်ဘဲ  ကြန့်ကြာနေတာ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်” ဟု သူက ပြောသည်။
ဖမ်းဆီးခံထားရသူနှစ်ဦးမှာ ကချင်ပြည်နယ် မိုးကုတ်မြို့နယ် စိုင်းတောင်အနီး   နတ်မော်တွင် အလုပ်လုပ်နေခဲ့သူများဖြစ်ပြီး မိသားစုရှင်ပြုမည်ဖြစ်၍ ပြန်လာခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
ကချင်ပြည်နယ်မှာ လှုပ်ရှားနေသည့် ရက္ခိုင့်တပ်မတော် (AA)  မှ ရဲဘော်များ ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာသည်ဟု ဆိုသည့် သတင်းများ ရရှိပြီးနောက် ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက  ကချင်က ပြန်လာသူများကို စစ်ဆေး မေးမြန်းမှုများ ရှိနေကြောင်း သိရသည်။
ယခု ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ဦးမှာ ရိုးမမန္တလာကားဖြင့် မင်းပြားသို့ ပြန်လည် လိုက်ပါလာသူများ ဖြစ်ကြပြီး ယင်းကားသမားထံမှ လိုက်ပါလာသူ စာရင်းကို ရဲက တောင်းယူပြီးနောက် သူတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မင်းပြားဒေသခံ ဦးသိန်းစံက ပြောဆိုသည်။
သူတို့နှစ်ယောက်ကို အခြားအချုပ်သားများအတူ ရောထားခြင်းမရှိဘဲ အကျယ်ချုပ်သဘောဖြင့် ထိန်းသိမ်းထားကာ ယင်းကျေးရွာမှ ရွာသား သက်သေတစ်ယောက်ကိုလည်း ရဲစခန်းထဲတွင် အတူအိပ်စေပြီး ရဲကနှိပ်စက်မှု မရှိကြောင်းကို ရှင်းပြနိုင်ရန်ဖြစ်သည်ဟု ဦးစံသိန်းက ဆိုသည်။
ယင်းနှစ်ယောက်ကို ခေါ်ယူ မထိန်းသိမ်းမီ ကချင်ပြည်နယ်ကပြန်လာသော ရခိုင် အမျိုးသားတစ်ဦးကိုလည်း  ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု ရဲကပြောဆိုကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော်မှာ မြန်မာအစိုးရနှင့် အပစ်ရပ်ထားသော အဖွဲ့အစည်း တစ်ခု မဟုတ်သော်လည်း ကျောက်ဖြူတွင် ပြုလုပ်သော ရခိုင်အမျိုးသားညီလာခံကို တက်ရောက်ခွင့် ရခဲ့သလို ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့် ရရှိခဲ့သည်။ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ် လောက်ကိုင်ဒေသ တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော်မှ ပါဝင်ပတ်သက်မှု ရှိနေသဖြင့် နောက်ပိုင်းတွင် အာဏာပိုင်များဘက်မှ သဘောထား ပြောင်းလဲသွားပြီး သူတို့ နှင့် ဆက်စပ် လူပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate