Thursday, 30 April 2015

ပျက်စီးနေသည့် မူလတန်းကျောင်းဆောင်ကို ဇွန်လအမီ အသစ်ပြုလုပ်ပေးရန် ရခိုင် ဝန်ကြီးချုပ်ထံစာတင်


ကုလားချောင်းကျေးရွာရှိ ဟောင်းနွမ်းပျက်စီးနေသည့် အမက(၂)စာသင်ကျောင်းအားတွေ့ရစဉ် (ဓာတ်ပုံ - ကိုကျော်မြင့်တင်)
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဧပြီ ၂၈
ကုလားချောင်းကျေးရွာရှိ ဟောင်းနွမ်းပျက်စီးနေသည့် အမက(၂)စာသင်ကျောင်းအားတွေ့ရစဉ် (ဓာတ်ပုံ – ကိုကျော်မြင့်တင်)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာတွင် နှစ် ၂ဝ ကျော်သက်တမ်းရှိ ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သော အမှတ်(၂) မူလတန်းကျောင်းဆောင်ကို အသစ် ပြန်လည် ပြုလုပ်ပေးရန် ကျေးရွာဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်ထံ ဧပြီလ ၂၈ ရက်နေ့စွဲဖြင့် တင်ပြ တောင်းဆိုလိုက် သည်။
ပေ ၆ဝ× ၃ဝ အရွယ်အစားရှိ အဆိုပါကျောင်းဆောင်ကို ၁၉၈၈ ခုနှစ်မှစတင်ကာ ကျေးရွာ ဒေသခံ များက ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလည်း ဒေသခံများက ပြုပြင်ထိန်း သိမ်းခဲ့ကြရကြောင်း ဒေသခံများက ပြောသည်။

“နှစ်တိုင်းတော့ ဒေသခံတွေကပဲ ပြုပြင်ထိန်းသိမ်းခဲ့ရတာပါ။ ခုနောက်ပိုင်းတော့ ဒေသခံတွေ မှာ လည်း စီးပွားရေးအကျပ်အတည်းတွေနဲ့ ပြုပြင်ဖို့ငွေကြေးမတတ်နိုင်တော့တာမို့ အခုလို အစိုးရဆီ
တင်ပြတောင်းဆိုရတာပါ။ အခုလက်ရှိမှာတော့ ကျောင်းဆောင်က အန္တရာယ်ရှိကျောင်းဆောင်ဖြစ်နေ ပါပြီ။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် စာသင်ရတာ တော်တော် လေးကို အခက်အခဲတွေဖြစ်နေပါတယ်”ဟု အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက နိရဉ္စရာသို့ ပြောသည်။
အဆိုပါကျောင်းဆောင်မှာ လက်ရှိတွင် အမိုးအကာများပျက်စီးဆွေးမြေ့နေရုံသာမက အောက် ခြေကြမ်းပြင်မှာလည်း မြေပြင်ပကတိအနေအထားဖြစ်နေသည့်အတွက် လာမည့် ကျောင်းဖွင့်ချိန် ဇွန်လမတိုင်မီ ကျောင်းဆောင်သစ်တစ်ခု တည်ဆောက်ပေးရန် ဒေသခံများက လိုလားနေကြသည်။
“အောက်ခြေကြမ်းပြင်က မြေပြင်ဖြစ်နေတော့ ကျောင်းသားတွေစာသင်ရတာ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ မိုးတွင်းဆို ပိုဆိုးတယ်။ နိုင်ငံတော်အစိုးရကတော့ပြောနေတယ်ပေါ့လေ။ ပညာရေးကို ခေတ်မီကောင်းမွန်အောင် ဘတ်ဂျတ်တွေအများကြီးသုံးပြီး ဆောင်ရွက်နေပါတယ်လို့။ အဲဒီလိုဆောင် ရွက်ရာမှာ ကျနော်တို့ရွာရဲ့ ဒီကျောင်းဆောင်လေးကိုလည်း ငဲ့ကြည့်သင့်ပါတယ်”ဟု အဆိုပါကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်မြင့်တင်က သူ့အမြင်ကို ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့ပါ။
မူလတန်းကျောင်းသူ၊ ကျောင်းသား ၁ဝဝ ခန့်တက်ရောက်သင်ယူနေရသည့် အဆိုပါကျောင်း ဆောင်ကို ယခုနောက်ပိုင်း ဒေသခံများပြန်လည်ပြုပြင်ခြင်းမရှိနိုင်တော့၍ ပြီးခဲ့သည့်နှစ်မှစတင်ကာ
မြို့နယ်ပညာရေးမှူးရုံးသို့ အမှုတွဲပြုလုပ်၍ တင်ပြတောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဟု ဒေသခံ  များက ပြောသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate