Thursday, 30 April 2015

မိုင်းလားဘက်မှ သယ်ဆောင်လာပြီး ကျပ်သန်းပေါင်း (၁၄၈.၄၅)သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကျိုင်းတုံ၌ ဖမ်းမိ


ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ ၀မ်တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ်သန်းပေါင်း (၁၄၈.၄၅)သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ၂၀၁၅ခုနှစ် ဧပြီလ(၂၈)ရက် ညနေက မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ပူးပေါင်း အဖွဲ့သည် မိုင်းလားဘက်မှ ကျိုင်းတုံတွင်းသို့ ဦးအားမေရှင် မောင်းနှင်လာသော ForTuner အမျိုးအစား မော်တော်ယာဉ်အား မသင်္ကာ၍​ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံရုံးသို့ ခေါ်ဆောင်လာပြီး ရှာဖွေစစ်ဆေးရာမှ ကျပ်သန်းပေါင်း (၁၄၈.၄၅)သန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများနှင့် အိုက်စ်ပုံဆောင်ခဲ(ရေခဲ)များကို ရှာဖွေ သိမ်းဆည်းရမိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ သိရသည်။

ဦးအားမေရှင် မောင်းနှင်လာသည့် ကားအား စစ်ဆေးရာတွင် ယာဉ်မောင်းသူ၏ ဘယ်ဘက် ဖင်ထိုင်ခုံအောက်အတွင်း နှင့် ယာဉ်၏ နောက်ခန်းတွင် တပ်ဆင်ထားသည့် ဆောင်းဘောက်စ်အတွင်းတို့မှ တန်ဖိုးငွေကျပ်သိန်းပေါင်း (၁,၅၉၅)သိန်းခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၆၃၈၀၀)ပြား နှင့် တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၁၃,၂၅၀)သိန်းခန့် တန်ဖိုးရှိသည့် အိုက်စ်ပုံဆောင်ခဲ (ရေခဲ) စုစုပေါင်း (၅၃)ကီလိုတို့ကို တွေ့ရှိရသည့်အတွက် သိမ်းဆည်းပြီး သယ်ဆောင်လာသူအား ကျိုင်းတုံမြို့မရဲစခန်းမှ မယ(ပ) ၃၄/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate