ကုလားတန်မြစ်အတွင်း စက်လှေ(၂)စီးတိုက်မိ၍ သေဆုံး/ဒဏ်ရာရ
စစ်ဆေးချက်အရ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ နှမဒါကျေးရွာနေ ဦးစံသိန်းထွန်း(၂၆)နှစ်မောင်းနှင်ပြီး ခရီးသည်(၇)ဦးလိုက်ပါလာသည့် ဟွန်ဒါစက်လှေအား ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ ပလက်ဝမြို့နေ ဇော်မင်း(၃၁)နှစ်မောင်းနှင်ပြီး
ခရီးသည်(၂)ဦးလိုက်ပါလာသည့် ဟွန်ဒါစက်လှေမှ ဝင်ရောက်တိုက်မိသဖြင့် ဦးစံသိန်းထွန်း မောင်းနှင်လာသည့်စက်လှေမှာ နစ်မြုပ်သွား ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စက်လှေတိုက်မိနစ်မြုပ်မှုကြောင့် ဦးစံသိန်းထွန်း မောင်းနှင်သည့်စက်လှေ ပေါ်တွင် လိုက်ပါလာသူများအနက် ဦးစံသိန်းထွန်းနှင့် မြောက်ဦးမြို့နယ်၊ နွားလိုက်ကျေးရွာနေ မောင်ဝင်းနိုင်(၂၁)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး နှမဒါကျေးရွာနေ မောင်ဝင်းမောင်(၃၄)နှစ် ပျောက်ဆုံးနေသဖြင့် ဒဏ်ရာရရှိသူများအား ပလက်ဝပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးကာ ဇော်မင်းအား ပလက်ဝမြို့မရဲစခန်း(ပ)၇/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈ဝ/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ခဲ့ပြီး ပျောက်ဆုံးနေသူအား ဗွီဝုန်းရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်အတူ လိုက်လံရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေခဲ့ရာ ၁၂-၄-၂ဝ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန် သေဆုံးနေသည့် မောင်ဝင်းမောင်၏အလောင်းအား ပြန်လည်တွေ့ရှိခဲ့သဖြင့် ပြစ်မှုပုဒ်မ ၂၈ဝ/၃၃၇/၃၃၈ မှ ၃ဝ၄-က/၂၈ဝ/၃၃၇/၃၃၈ သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ရဲဇာနည်
ကြပ်ပြေးသား



0 comments:
Post a Comment