Monday, 13 April 2015

လူတဦးလျှင် ကြွေး ၅ သိန်းတင်နေသည့်အကြောင်း သံချပ်ထိုးမည်

Hinthada 2
အခုနှစ် ဟင်္သာတမြို့ မြန်မာ့ရိုးရာအတာသင်္ကြန်မှာ ရပ်ကွက်  ၂ခုက သံချပ်ဝါသနာရှင်တွေ စုပေါင်းပြီး မင်းသားကြီးရွှေရိုး ၂ဝ၁၅ စွယ်စုံတေးသံချပ်အင်အားစု အမည်နဲ့ တင်ဆင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
မင်းသားကြီးရွှေရိုး ၂ဝ၁၅ စွယ်စုံတေးသံချပ်အင်အားစု အမည်ပေးထားတဲ့ သံချပ်အဖွဲ့ဟာ မြ၀တီရပ်ကွက်နဲ့ လက်သမားရပ်ကွက် ကိုယ်စားပြု ပါဝင်တင်ဆက်မှာဖြစ်ပြီး
နိုင်ငံတကာမှ ချေးငွေရယူခြင်းကြောင့် ပြည်သူတွေ တဦးချင်းစီမှာ ကြွေး ၅ သိန်း တင်နေတဲ့ အကြောင်းကို ဦးစားပေး တင်ဆက်သွားမယ်လို့ သံချပ်အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်တွေကို သံချပ် အတိုင်အဖောက် ပြုလုပ်သွားမှာဖြစ်ပြီး ဟင်္သာတမြို့မှာ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ ဟင်္သာရုပ်တုအပေါ် ဆွမ်းအုပ်ထားရှိမှုကိုလည်း ဟာသအရွန်းဖောက်ပြီး တင်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။
သံချပ်စာသားတွေကို သက်ဆိုင်ရာက ကန့်သတ်မှု မရှိပေမယ့် အသိပေး၊ သတိပေးမှု သဘောသာ ငြိစွန်းမှု မရှိစေအောင် ထိန်းကြောင်း တင်ဆက်သွားကြမယ်လို့ ပြောပါတယ်။
သင်္ကြန်ကာလအတွင်း ညစဉ် ဟင်္သာတမြို့ရှိ မဏ္ဍပ်   ၃ ခုတွင် လှည့်လည် ဖျော်ဖြေမှာ ဖြစ်သလို ဖိတ်ကြား ထားတဲ့ နေအိမ်များကိုလည်း လှည့်လည်ပေးသွားမှာ ဖြစ်ပါတယ်။          By ဒီဗွီဘီ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate