Thursday, 14 May 2015

ဘင်္ဂလာဒေရှ့် ၁၁၆ ဦးကို ထိုင်းငါးဖမ်းဘုတ်နှင့်အတူ ဘင်္ဂလာရေပိုင်နက်တွင် ဖမ်းမိ

(ဖမ်းဆီးထားသော ထိုင်းငါးဖမ်းဘုတ်နှင့် ဘင်္ဂလီလူများကို ဘင်္ဂလာ ရေတပ်က ဖမ်းဆီးထားစဉ်)
ကော့စ်ဘဇား၊ မေ ၁၄

မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းမှ ထွက်ခွာရန် စီစဉ်နေသည့် ဘင်္ဂလီ ၁၁၆ ဦးကို ထိုင်းငါးဖမ်းဘုတ် တန်းကေး တစ်စီးနှင့်အတူ သူ့နိုင်ငံ၏ ရေပိုင်နက်အတွင်း ဘင်္ဂလာဒေရှ့် ရေတပ်က ဖမ်းဆီး လိုက်သည်ဟု Bdnews24 တွင် သတင်း ရေးသား ဖော်ပြသည်။

မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် စိန်မာတင်ခေါ် အုန်းကျွန်းမှ အနောက်မြောက် ဘက် ၁၀ ကီလိုမီတာအကွာတွင် ဘင်္ဂလာကမ်းခြေစောင့်တပ်နှင့် ရေတပ်မှ ပူးပေါင်း ဖမ်းဆီးလိုက် ကြောင်း သိရသည်။
လူများကို တင်ဆောင်ရန် ပင်လယ်ထဲတွင် ငါးဖမ်းဘုတ်ကို မျောထားစဉ် သတင်းအရ ဘင်္ဂလာဒေရှ့် ကမ်းခြေစောင့်တပ်မှ လိုက်လံရှာဖွေရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယင်းငါးဖမ်းဘုတ်မှာ ထိုင်းနိုင်ငံသား တစ်ဦး ပိုင်သည့် ဖြစ်ကြောင်း၊ ပိုင်ရှင် ဖြစ်သူမှာ ပါမလာကြောင်း၊ စိန့်မာတင်ကျွန်း ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

သူတို့ကို စက်လှေပေါ်တင်ပေးသည့် လူကုန်ကူးသူများမှာလည်း စက်လှေအငယ်တစ်စီးနှင့် ထွက်ပြေးသွားကြောင်း သိရသည်။

ယခုအခါ ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီးဌာနမှ လူကုန်ကူးသူ ၃၀၀ ခန့်ကို စာရင်းပြုစုထားပြီး သူတို့ကို ဖမ်းဆီးရန် သက်ဆိုင်ရာအာဏာပိုင်များက ရှာဖွေနေကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြုစုထားသည့် စာရင်းတွင်ပါဝင်သူ လူကုန်ကူးသူထဲမှ ၁၀ ဦးကို ဖမ်းဆီးထားပြီး ဖြစ်သည်။

ယခု အပတ်အတွင်း စာရင်ထဲတွင်ပါဝင်သည့် လူကုန်ကူးသူတချို့ကို ကော့စ် ဘာဇား (ဖလောင်းချိတ်) ခရိုင်အတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန်ကြိုးပမ်းစဉ် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားပြီး လူကုန်ကူးသူ ၅ ဦးခန့် သေဆုံး ခဲ့ကြောင်း သိရသည်။

စစ်တကောင်းနှင့် ကော့စ်ဘာဇားမြို့မှ လူကုန်ကူသူများမှာ နေရာ ၆၀ ခန့်ကို အသုံးပြုပြီး စက်လှေငယ်များနှင့် မြန်မာရေပိုင်နက်အနီးတွင် ရပ်တန့်ထားသည့် စက်လှေအကြီးကို မလေးရှားနိုင်ငံသို့ သွားလိုသူများကို တင်ပေးလျှက်ရှိသည်ဟု ရဲတပ်ဖွဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ပြောဆိုကြောင်းလည်း bangla.bdnews24 တွင်ဖော်ပြထားသည်။

မောင်အေး / နိရဉ္စရာ
http://www.narinjara.com/burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate