Thursday, 14 May 2015

ကျပ်သိန်းပေါင်း (၂၁၂၅)သိန်း တန်ဖိုးရှိ အိုက်စ်များ တာလေ၌ ဖမ်းဆီးရမိ

ထိုင်း - မြန်မာနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် ကျပ်သိန်းပေါင်း (၂၁၂၅)သိန်း တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မေလ(၁၃)ရက်နေ့ ညနေပိုင်းက မူးယစ်တပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၏ နားယောင်းကျေးရွာအုပ်စု တောင်သုံးလုံး (အလယ်)ရွာအနီး တာချီလိတ် - ကျိုင်းတုံသွားကားလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စု(၁၀၄) နေပြည်တော် မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် တာချီလိတ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ တာလေဘက်မှ တာချီလိတ်ဘက်သို့ စိုင်းတစ် မောင်းနှင်လာသည့် မော်တော်ယာဉ်အား  မေလ(၁၃)ရက်နေ့ (၁၇း၂၀) နာရီ အချိန်က
ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
စိုင်းတစ်မောင်းနှင်လာသည့် မော်တော်ယာဉ်အတွင်း အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးရာ ယာဉ်၏နောက်ဖုံးအတွင်း မှ တန်ဖိုးငွေ ကျပ်(၂၁၂၅)သိန်း တန်ဖိုးရှိပြီး စုစုပေါင်း အလေးချိန် (၈.၅)ကီလိုရှိသည့် အိုက်စ်(ရေခဲ)များကို ရှာဖွေတွေ့ရပြီး မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ စိုင်းတစ်အား တာလေနယ်မြေရဲစခန်းတွင် မယ(ပ)၉/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate