မြေကွက်ရောင်းရငွေအပေါ် ကျေနပ်မှုမရှိသဖြင့် အဖနှင့်ညီကို သတ်ဖြတ်
လင်းခေး မေ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့၌ မေ ၁၁ ရက်ည ၁ဝ နာရီက သားအဖနှစ်ဦးကို သတ်ဖြတ်ခဲ့သည့် အမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ လင်းခေးမြို့ ဝမ်လွိုင်ရပ်ကွက် အိမ်အမှတ်( ၂၂) နေထိုင်သူ စိုင်းလံ (၄၂နှစ်) သည် မေ ၁၁ ရက် ည ၁ဝ နာရီက ၎င်း၏ညီအရင်း စိုင်းခမ်းပန်နှင့် စကားများ ရန်ဖြစ်ကြရာ တစ်ဦးနှင့်တစ်ဦး လုံးထွေးထိုးကြိတ်၍ ညီဖြစ်သူ စိုင်းခမ်းပန် လဲကျသွားစဉ် စိုင်းလံက မီးဖိုချောင်အတွင်းရှိ ဓားဦးချွန်ဖြင့် ၎င်း၏လည်ပင်းနှင့် ဝဲဘက်လက်ပြင် တို့ကို ထိုးခုတ်သတ်ဖြတ်ခဲ့ပြီးနောက် အိပ်ရာ၌ အိပ်ပျော်လျက်ရှိသည့် ဖခင်လုံးကောတ ( ၆၅ နှစ်) ကိုလည်း လည်ပင်းနှင့်ဦးခေါင်းတို့ကို ဆက် လက်ထိုးခုတ်သတ်ဖြတ်ခဲ့ရာ စိုင်းခမ်း ပန်နှင့် လုံးကောတတို့အခင်းဖြစ်ပွား သောနေရာ၌ပင် သေဆုံးသွားခဲ့ ကြောင်း မေ ၁၂ ရက်နံနက်က အဆိုပါ အိမ်နီးချင်းများ၏ လာရောက်သတင်း ပေးချက်အရ ပြစ်မှုကျူးလွန်သူ စိုင်းလံ(စိုင်းလျှံ)အား ယင်းနေအိမ်၌ ပင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
စိုင်းလံသည် ၂ဝ၁၄ ခုနှစ်က ဝမ်ဟတ်ရဲစခန်းအပိုင်နယ်မြေ၌ ပြစ်မှု တစ်ခု ကျူးလွန်ခဲ့ပြီးထောင်မှ ထွက် လာခဲ့သည်မှာ ၁၅ ရက်ကျော်ခန့်သာရှိ သေးကြောင်း၊ ၎င်းထောင်မှထွက်လာ ပြီး အဆိုပါ အိမ်တွင်သားအဖသုံးဦး အတူနေထိုင်စဉ် အိမ်ခြံမြေကွက် ရောင်းရငွေ မိသားစုကိစ္စနှင့်ပတ် သက်ကာ ဖခင်ဖြစ်သူနှင့်ညီတို့အပေါ် ၌ မကျေနပ်မှုများကြောင့် ယင်းည တွင် အဆိုပါဖြစ်စဉ်ကို ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း စိုင်းလံက ထွက်ဆိုခဲ့သည်ဟု သိရသည်။ စိုင်းလံကို လင်းခေး မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။
စိုင်းဇော်လတ်(iprd)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS



0 comments:
Post a Comment