ကမ္ဘာပတ် ခရီးသွားဖို့ ငွေမကုန်တဲ့အပြင် ဝင်ငွေရတဲ့ ၂၃ နှစ်အရွယ် အမျိုးသမီး
သြစတေးလျနိုင်ငံသူ Brooke Saward လို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ်
အမျိုးသမီး ဟာ ကမ္ဘာ့ပတ် ခရီးသွားဖို့အတွက် ငွေမကုန်တဲ့အပြင် ငွေတောင်
ဝင်ပါသေးတယ်။ သူမဟာ ခရီသွား ဘလော်ဂါ တစ်ဦး ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ကစလို့ ကမ္ဘာအနှံ့ကို ခရီးသွားခြင်း ဖြစ်ပါတယ်။
ယနေ့အထိလည်း ခရီးသွားနေပြီး ကမ္ဘာ့
သူမဟာ တက္ကသိုလ် ကျောင်းတက်နေစဉ်ကတည်းက blog ရေးပြီး ကျောင်းပြီးတဲ့
အချိန်မှာ ချက်ချင်းပဲ ခရီးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးသွားဖို့အတွက်ကို
သူမရဲ့ blog မှာ ကြော်ငြာထည့်တဲ့ ကုမ္ဗဏီများက စပွန်ဆာပေးခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် သူမကိုယ်တိုင်ရေးတဲ့ blog တစ်ခုအောင်မြင်အောင် ဖန်တီးနည်း အပြင်
အခြားသော ခရီးသွား စာအုပ် အချို့ကြောင့် ငွေများရှိနေပါတယ်။ ယင်းငွေများကို
အသုံးပြုလို့ ခရီးသွားပြီး သွားနေစဉ်မှာလည်း blog ဝင်ဖတ်သူ များတာကြောင့်
ကြော်ငြာ ဝင်ငွေ ဆက်တိုက် ဝင်နေပြီး ယင်းငွေများဖြင့် ဆက်လက် သွားနေခြင်း
ဖြစ်ပါတယ်။
ဒါကြောင့်မို့ သူမဟာ သာမန် သူဌေးတစ်ဦးတောင် မသွားနိုင်တဲ့
ကမ္ဘာပတ်ခရီးစဉ်ကို ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံရလို့ သွားနေသူ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#news_yyl
www.yoyarlay.com
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#news_yyl
www.yoyarlay.com
















0 comments:
Post a Comment