ရခိုင်ပြည်နယ် သောက်သုံးရေရှားပါးမှု ဒေသနေလူထုနှင့်ပူးပေါင်းဆောင်ရွက်နေဟု ပြည်နယ်စည်ပင်ဝန်ကြီးဆို
စစ်တွေ၊ မေ ၉
ရခိုင်ပြည်နယ် အတွင်း သောက်သုံးရေရှားပါးမှုကို ဒေသနေပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်စန်ရွှေက နိရဉ္စရာသို့ပြောသည်။
“အခုလောလောဆယ်ကတော့ ရေရှားမယ့်ဒေသက တစ်ရွာချင်းအလိုက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးတော့ ဘယ်နားမှာ အဝီစိရေတွင်းတူးလို့ရမလဲ။ တူးလို့ရရင် ကျနော်တို့ချက်ချင်းငွေထုတ်ပြီး
ယင်းသို့ရေရှားပါးနေသည့်ဒေသများ
ယင်းနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ်စည်ပင်ဦးစီး
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့နယ်အပါအဝင် ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ သံတွဲမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မြေပုံမြို့နယ်နှင့် အခြား မြို့နယ်အချို့ရှိ ကျေးလက်ဒေသများတွင် ယခုနှစ်နွေဦးရာသီအစမှ စတင်ကာ သောက်သုံးရေရှားပါးနေခြင်းဖြစ်ေ
“ရေတစ်ခုတည်းနဲ့ တော်တော်လေးဒုက္ခရောက်နေပါတယ်။ ရေအခက်အခဲကြောင့် သားငါးရှာဖွေဖို့ အချိန်မရှိပါဘူး။ ရေရရင်ပြီးပြီ အဲလိုဖြစ်နေကြပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့ခံ ဦးစံရွှေကျော်က ပြောသည်။
တချို့ကျေးရွာများတွင် ရွာနှင့် မိုင် ၁ဝ ခန့်ဝေးသည့်နေရာများရှိ ရေတွင်းရေကန်များမှ ညည့်မအိပ်ရဘဲ လောင်းလှေများဖြင့် သွားရောက်ခပ်ယူနေကြရကြောင်းလည်း ဒေသခံများက ပြောသည်။
“ကျွန်တော်တို့ရွာမှာဆိုရင် ရှစ်မိုင်လောက်ဝေးတဲ့ ကျွဲတွေနွားတွေ သောက်တဲ့ ရေကန်တွေက သွားခပ်နေရပါတယ်” ဟု မြေပုံမြို့နယ်၊ လောင်းဒရိတ်ကျေးရွာမှ ဦးမောင်ကျော်သိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် နှစ်စဉ်ပျဉ်းမျှ မိုးရေချိန်လက်မ ၁၈ဝ နှင့် ၂ဝဝ ကြားတွင်ရွာသွန်းလေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ် မိုးရာသီတွင် မိုးရေချိန်လက်မ ၁၄ဝ ခန့်သာရွာသွန်းခဲ့သည့်အတွက် ယခုကဲ့သို့သောက်သုံးရေရှားပါးေ
အလားတူ ရခိုင်ရိုးမသစ်တောများတွင် မတရားခုတ်လှဲမှုကြောင့် သစ်ပင်၊ ဝါးပင်များ ပြုန်းတီး လာနေခြင်းကလည်း အပူချိန်မြင့်တက်ကာ သောက်သုံးရေရှားပါးရသည့် အကြောင်းရင်း တစ်ခုဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။


0 comments:
Post a Comment