Saturday, 9 May 2015

ဆိုလာပြားခွဲဝေရေးကိစ္စ မပြေလည်၍ ခန္တီးတွင် ပြည်ခိုင်ဖြိုး ပါတီဝင် နှစ်ဆယ်ဦးပါတီမှ နုတ်ထွက်

ဆိုလာပြားများ တပ်ဆင်ထားစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
 ကျေးလက်ဒေသ မီးလင်းရေးအစီအစဉ်အရ ချပေး သော ဆိုလာပြားများခွဲဝေသည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်မှ လာရောက်ဖြေရှင်းပေး ခြင်းမရှိ၍ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီအလုပ်အမှုဆောင် အပါအ၀င် ပါတီဝင် နှစ်ဆယ်ဦး နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။
ခန္တီးမြို့ ကင်းတော်ကျေးရွာ ကို ၂၀၁၂ တွင် ကျေးရွာ မီးလင်းရေးအစီအစဉ်ဖြင့် ဆိုလာပြားများချပေးရန် ရွာရှိ အိမ်ခြေစာရင်း ကောက်ခံခဲ့ရာ မူလရွာအိမ်ခြေစာရင်းအဖြစ် ၁၄၆ လုံး တင်ပြပေးခဲ့သည်ဟု သိရသည်။ သို့သော် ၂၀၁၄ တွင် မကွေးတိုင်း ရေစကြိုမြို့နယ်မှ အိမ်ထောင်စု သုံးဆယ်ကျော်ရွာသို့ ထပ်မံပြောင်းရွှေ့ရောက်ရှိလာခဲ့သည်ဟု အဆိုပါရွာခံများက ပြောသည်။ ထို့ကြောင့် ၂၀၁၄-၁၅ တွင် ဆိုလာများချပေးသည့်အခါ ရွာရှိ မူလအိမ်ခြေစာရင်းအတိုင်းသာ ခွဲဝေပေးရန် ကျေးရွာဒေသခံများက တင်ပြခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက မူလဒေသခံရွာသားများတောင်းဆိုသည့်အ တိုင်း ဆောင်ရွက်ပေးမှုမရှိဘဲ ဆို လာများကို တစ်ရွာလုံးအတွက် မဲ စနစ်ဖြင့် ခွဲဝေပေးခဲ့ရာ မူလရွာခံ အချို့ ဆိုလာများမရရှိခဲ့ပေ။
ထို့ကြောင့် အဆိုပါကိစ္စကိုလာရောက်ဖြေရှင်းပေးရန် မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ခန္တီးမြို့ လွှတ်တော်ကိုယ် စားလှယ်များရုံးသို့ တင်ပြခဲ့သော် လည်း လာရောက်ဖြေရှင်းဆောင် ရွက်ပေးမှုမရှိ၍ အဆိုပါကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်များ နုတ်ထွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ တတ်နိုင်သ လောက်ကတော့ အထက်အဆင့် ဆင့်ကို တင်ပြပေးခဲ့ပြီးပြီ။ တင်ပြ အစီရင်ခံပေးတဲ့အပေါ်မှာ သူတို့ အနေနဲ့ ဘာမှ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိတဲ့အခါ ကျတော့ ကျွန်တော်တို့ကလည်း ပြည်သူကို မျက်နှာမပြနိုင်တော့ ဘူး။ ကျေးရွာမှာ ဆိုလာမီးတွေ မရတာကလည်း ပါတီဝင်တွေက အများစုဖြစ်နေတယ်။ ဒီလိုထိ ရောက်စွာ ဖြေရှင်းပေးမှုမရှိတဲ့ အခါကျတော့ ပါတီရပ်ကျေးစာ ရေးတွေ၊ စည်းရုံးရေးမှူးတွေ လည်း ပါတီကို စိတ်ဓာတ်ကျပြီး တော့ ဒီကနေ့ကနေ စပြီးတော့ ပါတီဝင်ကနေ နုတ်ထွက်မယ်ဆို ပြီးတော့ သူတို့ကို ခန့်အပ်ထားတဲ့ ခန့်အပ်လွှာတွေ ပြန်လာအပ်ကြ တယ်’’ဟု ပါတီအလုပ်အမှုဆောင်ဦးတင်လင်းဆွေက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကင်းတော်ကျေးရွာအုပ်ချုပ်ရေး မှူးကိုဆက်သွယ်ရာ ချထားပေး သည့် ဆိုလာအရေအတွက် ၁၁၁ ခုနှင့် ရွာရှိမူလအိမ်ခြေ ၁၄၆ လုံးအရေအတွက်မှာ လုံလောက်မှုမရှိသည့်အတွက် မီးလုံးဝမရရှိသည့် အိမ်ခြေများအား ဦးစားပေးစနစ်ဖြင့် ဆိုလာ ၅၅ လုံး ပေးအပ်ခဲ့ပြီး ကျန် ၆၅ လုံးကို တစ်ရွာလုံးအ တွက် မဲဖောက်ပေးခဲ့ခြင်း ဖြစ် ကြောင်း အုပ်ချုပ်ရေးမှူး ဦးသိန်း လွင်က ပြောသည်။
‘‘ကျွန်တော်တို့က မြို့နယ် စီမံခန့်ခွဲမှုရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရတာ။ မြို့နယ်က ကျွန်တော်တို့ကို ညွှန်ကြားတာကတော့ မီးလုံးဝမလင်းတဲ့အိမ်တွေ ဦးစားပေးစနစ်နဲ့ ပေးပါလို့ ညွှန်ကြားလာတာပေါ့။ အဲဒီညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့က မီးလုံးဝမလင်းအိမ်တွေကို စိစစ်ပြီး အိမ်ခြေ ၅၅ လုံးကို ဦးစားပေးစနစ်နဲ့ ပေးလိုက်ပြီးတော့ ကျန်တဲ့ အလုံးရေကို မီးလင်းပြီး အိမ်တွေထဲကမှ မဲစနစ်နဲ့ လုပ်ပေးလိုက်တယ်’’ဟု ဦးသိန်းလွင်က ပြောသည်။
http://7daydaily.com

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate