Sunday, 31 May 2015

မြေးလေးနာမည်ကို ဆွဲကြိုးပုံစံ တက်တူးထိုးလိုက်တဲ့ ခင်လှိုင်

တက်တူးဝါသနာရှင် တစ်ဦးဖြစ်သည့် ဟာသသရုပ် ဆောင်ခင်လှိုင်က မြေး၏အမည် ကို ၎င်း၏လည်ပင်းတွင် ဆွဲကြိုး ပုံစံဖြင့် တက်တူးထိုးခဲ့ကြောင်း ပြောသည်။
‘‘မြေးလေးရရင်ထိုးမယ်ဆို ပြီး လုပ်ထားတာ။ ယောက်ျား လေးမှန်း၊ မိန်းကလေးမှန်းလည်း မသိသေးဘူး။ နဂိုကတည်းက လည်ပင်းမှာဆွဲကြိုးလေးထိုးမယ် ဆိုပြီး စိတ်ကူးထားပြီးသား။ အ ရင်က နာမည်လည်းမရွေးရသေး လို့ မထိုးဖြစ်တာ’’ဟု ခင်လှိုင်က ပြောသည်။
‘‘ခင်လှိုင်၏မြေဦးဖြစ်ပြီး ရွှေ ပိုးဝတ်မှုံလှိုင်ဟု၎င်းကိုယ်တိုင်အ မည်ပေးခြင်းဖြစ်ကာ နာမည်တစ် ခုလုံးကို ဆွဲကြိုးပုံစံတက်တူးထိုး၍ အိမ်နာမည်ရွှေပိုးကိုလော့ကတ် နေရာတွင် ထိုးထားသည်ဟုဆို သည်။
‘‘မိသားစုဝင်တွေရဲ့ နာမည် နဲ့မွေးနေ့တွေကို ညာဘက်လက်ဖျံ မှာထိုးထားတယ်။ အစ်ကို့အမျိုး သမီးမှာလည်း ထိုးထားတယ်။ တစ်ခါတလေ နယ်ရောက်နေရင် မွေးနေ့ဆုတောင်းလုပ်ဖို့ သူတို့
ခုနှစ်တွေကိုမေ့လို့ မွေးနေ့တွေ အကုန်လုံးထိုးထားတာ’’ဟု ခင် လှိုင်ကပြောသည်။
တက်တူးကို ငယ်စဉ်က တည်းက ၀ါသနာပါခဲ့သော်လည်း မိဘများကမကြိုက်သောကြောင့် ကိုယ်တိုင်အိမ်ထောင်ဦးစီးဖြစ် သည့်အချိန်မှစတင်၍ တက်တူး ထိုးခဲ့ခြင်းဖြစ်ပြီး တစ်ကိုယ်လုံး တွင် တက်တူးထိုးထားသည့်ပုံ ၄၀  ခန့်ရှိကြောင်း ၎င်းကဆို သည်။
‘‘တက်တူးဆိုတာ လူတစ် ယောက်ရဲ့သေချာမှုပဲ။ ဆုံးဖြတ်  ချက်မသေချာတဲ့လူတွေက တက် တူးမထိုးသင့်ဘူး။ နောက်ပြီး တက်တူးကို ကိုယ်ပိုင်အရေပြား ပေါ်က ကိုယ်ပိုင်ပန်းချီလို့ယူဆ တယ်’’ဟု တက်တူးနှင့်ပတ်သက် ၍ ခံစားချက်ကို ပြောကြား သည်။
တက်တူးနှင့်ပတ်သက်၍ နေမင်းနှင့်ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့ရာ ပရိသတ်အားပေးမှု ရခဲ့သလို သားဖြစ်သူထက်ပိုင်ဦး နှင့်လည်း တက်တူးကားတစ်ကား ရိုက်ကူးထားကြောင်း ခင်လှိုင်က ပြောကြားသည်။
 By ဇွဲဉာဏ်

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate