Monday, 18 May 2015

တေးရေး၊ တေးဆို ညီမင်းခိုင် သာသနာ့ဘောင်သို့ ၀င်ရောက်

DSC_0772
ရန်ကုန်၊ မေ ၁၈
နွယ်နီ သီချင်းဖြင့် မြန်မာနိုင်ငံ အဆိုတော်များအကြားတွင် နာမည်ရလာသူ တေးရေး၊ တေးဆို ရခိုင်အမျိုးသား ညီမင်းခိုင်သည် သာသနာ ဘောင်သို့ ၀င်ရောက်နေပြီး ရဟန်းဘ၀ဖြင့် တစ်ဝါဆိုမည်ဟု သိရသည်။
“ ဟုတ်ပါတယ်။ ဦးဇင်းဘ၀နဲ့ တစ်ဝါဆိုဖို့ စဉ်းစားထားပါတယ်။ ၀ါတွင်းသုံးလက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခြေတော်ရာမှာ ၀ါဆိုမှာ ဖြစ်ပါတယ်။ ဘွဲ့နာမည်ကတော့ ဦးပညာပါ ” ဟု ဦးဇင်းညီမင်းခိုင်က နိရဉ္စရာသို့ ပြောဆိုသည်။
ရဟန်းဘောင်သို့ ခေတ္တ၀င်ရောက်ရသည့် အခြေအနေကိုလည်း ဦးဇင်း ညီမင်းခိုင်က ယခုလို နိရဉ္စရာသို့ ပြောဆိုသည်။
“ ပြောရမယ်ဆိုရင်တော့၊ ကိုယ်က ဗုဒ္ဓဘာသာဝင်ဆိုတော့ တစ်နှစ်တစ်ကြိမ်လောက်တော့ ရဟန်း ၀တ်ချင်ပါတယ်။ ဒါပေမယ့် အခုက အလုပ်မအားတာနဲ့၊ လူမှုရေး လုပ်ငန်းတွေနဲ့ဆိုတော့ မ၀တ်ဖြစ်ဘူး။ ဒီနှစ်မှာ ၀တ်ဖြစ်သွားတာကလည်း ဆရာတော်ကြီးရဲ့ သံတွဲပွဲ ပေါ့လေ။ မင်းသာသနာဘောင်ထဲကို ခဏတစ်ဖြုတ် ၀င်ရယ်ဆိုပီး ဆရာတော်ကြီးက ပြောတယ်။ ဒါပေမယ့် ဟိုမှာ မ၀င်ဖြစ်ခဲ့ဘူး။ စစ်တွေကို သွားတယ်။ဝန်ကြီးချုပ် ဗဟိုမဏ္ဍပ်မှာ သီချင်းဆိုတယ်။ တစ်လ လောက်ကြာသွားတယ်။
ရန်ကုန်ပြန်ရောက်တဲ့ အချိန်မှာ အလုပ်လည်း အားလပ်သွားတော့  ၅ လပိုင်း ၉ ရက်နေ့မှ  ရဟန်းဝတ်ဖြစ်တာပါ” ဟု ဆိုသည်။
အစပိုင်းတွင် ၄၅ ရက် ၀တ်ပေးရန် စီစဉ်ခဲ့သော်လည်း ဆရာတော်ကြီး (အလိုတော်ပြည့်ဆရာတော်ကြီး)မှ တစ်ဝါဆိုရန် ပြောဆိုသဖြင့် တစ်ဝါဆိုရန် ဆုံးဖြတ်ထားသည်ဟု ဦးဇင်းတစ်ဖြစ်လဲ ကိုညီမင်းခိုင်က ပြောဆိုသည်။
“ အလုပ်တွေက အနည်းအကျဉ်း ထိခိုက်မှာပေါ။ ဒါပေမယ့် ကိုယ်က ဒီအလုပ်ကို ဆက်လုပ်မယ် သူဆိုတော့ ထိခိုက်ပေမယ့် ပြသနာ မရှိပါဘူး။ ဒါကတော့ ပါးပါးလေးလေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟို ဦးဇင်းရဲ့ အယူအဆကို ပြောရရင် အခုဆိုရင် လူသက်တမ်း တစ်ဝက်ကျိုးပြီးပေါ့။  နောက်သက်တမ်း တစ်ဝက် လောက်မှာ သာသနာတွင်းမှာ ရဟန်းဝတ်နဲ့ တစ်ဝါလောက်နေပြီးတော့ ဒီ ကံတရား၊ အတိုက်အခိုက်တွေရော ပယောဂတွေကင်းရှင်းအောင် ၀တ်တာပါ” ဟု ပြောသည်။
( ဦးဇင်း ညီမင်းခိုင်းနဲ့ သီချင်းတွေ လာယူတဲ့ အဆိုတော် ထွန်းရတီကို နိရဉ္စရာက အလိုတော်ပြည့်ကျောင်းမှာ အမှတ်တရ ရိုက်ကူးခဲ့တဲ့ ပုံ ဖြစ်ပါတယ်။)
( ဦးဇင်း ညီမင်းခိုင်းနဲ့ သီချင်းတွေ လာယူတဲ့ အဆိုတော်
ထွန်းရတီကို နိရဉ္စရာက အလိုတော်ပြည့်ကျောင်းမှာ အမှတ်တရ ရိုက်ကူးခဲ့တဲ့
ပုံ ဖြစ်ပါတယ်။)
အချိန်ရပါက ရဟန်းဝတ် ဖြင့် သီချင်းများဆက်လက် ရေးလိုကြောင်း၊ နီနီခင်ဇော် အတွက် တစ်ပုဒ်နှစ်ပုဒ်နှင့် ၊ လက်ရှိပေါက်နေတဲ့ အဆိုတော် ထွန်းရတီ အတွက် သီချင်းများ ရေးဖြစ်ကြောင်း၊ ခြေရာတော်ရောက်ရင် ရေးဖြစ်မလား မပြောတတ်သေးကြောင်း ပြောဆိုသည်။
သူ၏ ချစ်ပရိတ်သတ်ပရိသတ်များအတွက် ယခုလို စကားလက်ဆောင် ပါးလိုက်ပါသေးသည်။
“ ဘာပြောချင်တာကတော့  ဦးဇင်းတို့  ဒီလူ့ဘောင်လောကမှာ ပတ်ဝန်းကျင်ကြောင်း သော်လည်းကောင်း၊ အတိတ်ကံကြောင်းသော်လည်းကောင်း ဘာဘဲ ဖြစ်ဖြစ် အဆိုးအကောင်းက ဒွန်တွဲနေတယ်လေ။ ဒွန်ကိုယ်ယုံကြည်ရာ ဘာသာအလျောက်တော့ သာသာနာနဲ့တော့ ဝေးမသွားချင်ဘူး။ မိန်းခလေးတွေကိုလည်း တစ်နှစ် တစ်ကြိမ်ပဲ ဖြစ်ဖြစ် ငါးနှစ် တစ်ကြိမ်လောက်တော့ သုံးနှစ် တစ်ကြိမ်လောက် ဖြစ်ဖြစ် သာသနာဘောင်ကို ၀င်စေချင်ပါတယ်။ ယောင်္ကျားလေးတွေကိုလည်း အဲသလို ၀င်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟို ဘာသာရေးနဲ့ ကြည့်မယ်ဆိုရင်တော့ စိတ်လည်း ငြိမ်တယ်။ ဟို တစ်ဆင့်ပြီး တစ်ဆင့် သွားရမယ့် အချိန်မှာလည်း ဘာဘဲ ဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ သွားနိုင်တယ်။  ပြသနာ ဖြစ်တဲ့ အခါမှာလည်း ပြသနာကို ကျော်လွှားနိုင်မယ်။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ကျော်လွှားနိုင်မယ်။ ဒါကြောင့် ချစ်ပရိသတ်ကို ပြောချင်တာ အချိန်အားရင်၊ အချိန်မအားရင်တောင်မှ သာသနာဘောင် အတွင်းကို တစ်ကြိမ်လောက်တော့ ခဏတစ်ဖြုတ်လောက် ၀င်စေချင်ပါတယ်” ဟု ပြောဆိုသည်။
ယင်းပြင် သူထုတ်ထားသော “အနောက်ဘက်ဘက်က ထွက်တဲ့ နေ” ကိုလည်း အားပေးကြရန် ပြောဆိုသည်။
http://www.narinjara.com/burmese/?cat=12

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate