Monday, 18 May 2015

အေအေနဲ့ ဆက်စပ် ဖမ်းဆီးခံရသူ ၂၂ ဦးရှိပြီ

ARRESTရန်ကုန်၊ မေလ ၁၈

ရက္ခိုင့်တပ်မတော် (အေအေ) နှင့် ဆက်စပ်သူများကို ဖမ်းဆီး စစ်ဆေးနေရာ မေလ ၁၈ ရက်နေ့ထိ အဖမ်းခံရသူမှာ ၂၂ ဦး ရှိသွားပြီဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးခင်မောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဟုတ်ပါတယ်။ သေချာနားထောင်ပါ။ အေအေသောင်းကျန်းသူတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ ၂၀ ဦးကို ဒီလ ၁၅ ရက်နေ့က ရုံးတင်ပါတယ်။ ကျန် နှစ်ဦးကို အမှုပြင်ဆင်ပြီး ဒီလ ၂၉ ရက်နေ့ရုံးတင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားပြီး ရက္ခိုင့်တပ်မတော်အစား အေအေသောင်းကျန်းသူဟုသာ သုံးစွဲရန် သူက ပြောကြားသည်။
သူတို့ ၂၂ ဦးအထဲမှ  ပထမ ဖမ်းဆီးခံထားရသူ ၂၀ ဦးအား  ၁၇ (၁) ဖြင့် တရားစွဲဆိုထားကြောင်း ရဲမှူးက ထပ်မံ အတည်ပြု ပြောကြားသည်။

မေလ ၁၄ ရက်နေ့က ထပ်မံ  အသစ် ရောက်လာသူ နှစ်ဦးကိုလည်း အမှု ဖွဲ့နေပြီး ၁၇ (၁) နှင့်ပင် တရားစွဲဆိုသွားမည်ဟု ပြောဆိုသည်။
ယခု ဖမ်းဆီးခံရသူများမှာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် အပါအ၀င် နယ်မြေစုံက ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။
“ ရှေ့နေတွေ ငှားရမ်းခွင့်ရပါတယ်။ ပွင့်ပွင့်လင်းလင်းဘဲ စစ်ဆေး စီရင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နေတွေ အကုန်လုံး ငှါးရမ်းခွင့်ရှိပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရသူ မိသားစု အချို့နှင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသဖြင့် ဖမ်းဆီးခံ မိသားစုများဘက်မှ အမြင်နှင့် သဘောထားများကို တင်ပြနိုင်ခြင်း မရှိပါ။
http://www.narinjara.com/burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate