မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၈ ဒသမ ၁ သန်းအထိရှိ
နေပြည်တော် မေ ၁၆
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်ကို ချဲ့ထွင်လာခဲ့ရာ ၂ဝ၁၃ ခုနှစ်
မတ်လ ကုန်တွင် ခန့်မှန်းခြေ ၄ ဒသမ ၄ သန်းအထိရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ် မတ်လ
ကုန်တွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၁၈ ဒသမ ၁ သန်းအထိ ရှိလာခဲ့ကြောင်း
သိရသည်။
၂ဝ၁၄ ခုနှစ် သြဂုတ်လဈေးကွက်အရ မြန်မာနိုင်ငံ မိုဘိုင်းဈေးကွက်ကို တစ်ခု တည်းသော ဝန်ဆောင်မှုပေးလျက်ရှိသည့် Myanmar Post and Telecommunication(MPT)ကသာ မြန်မာနိုင်ငံရှိ ပြည်သူများ မိုဘိုင်းဖုန်း အသုံးပြုနိုင်ရေးအတွက် ဆင်းကတ်များကို ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဒုတိယနှစ်ဝက်ကာလတွင်မူ Telenor နှင့် Ooredoo တို့သည် MPT အပါအဝင် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသော KDDI Summit Global Myanmar(KSGM)တို့နှင့်အတူ ပူးပေါင်းကာ မိုဘိုင်းဖုန်းအသုံးပြုမှု နယ်ပယ် ချဲ့
ထွင်ခြင်းနှင့် ဈေးနှုန်းလျှော့ချခြင်းတို့ဖြင့် မိုဘိုင်းဈေးကွက်ကို တိုးချဲ့လာ ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် သည် နေ့စဉ်နှင့်အမျှ တိုးလာခဲ့သည်။
ယင်းသို့ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဈေးကွက်ကို အပြိုင်တိုးချဲ့လာခဲ့ရာတွင် MPT သည် ဇန်နဝါရီလတွင် ၁၁ ဒသမ သုည သန်းရှိခဲ့ရာမှ မတ်လကုန် တွင် ၈ ဒသမ ၄ သန်းအထိ လျော့ကျလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ MPT သည် အကြီးဆုံးသော ဝန်ဆောင်မှုပေးနိုင်သည့် အနေအထားတွင် ဆက်လက်ရှိနေကာ MPT အနေဖြင့် ၎င်း၏ မိုဘိုင်းဝန်ဆောင်မှု တစ်ခုလုံးကို 3G ဝန်ဆောင်မှု အဖြစ် ပြောင်းလဲရန်စီစဉ်ထားသည်နှင့် အညီ နှစ်ကုန် ပိုင်းတွင် ၇ဝ ရာခိုင်နှုန်း အထိဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း Telenor အသုံးပြုသူအရေအတွက်သည်လည်း လက်ရှိ တွင် ၆ ဒသမ ၄ သန်းအထိ ရှိလာခဲ့ကြောင်း Telenor ၏ မြန်မာ အမှု ဆောင် အရာရှိချုပ် ပီတာဖာဘာ့ဂ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအတွင်း Ooredoo အသုံးပြုသူအရေအတွက်သည် ၂ဝ၁၅ ခုနှစ်၏ ပထမသုံးလတာ ကာလကုန် ဆုံးချိန်တွင် ၃ ဒသမ ၃ သန်းအထိ ရှိလာခဲ့ကြောင်းလည်း သိရသည်။
Telenor သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၅ဝ ရာခိုင် နှုန်းအထိ လွှမ်းခြုံထားလျက်ရှိခြင်းကြောင့် လာမည့်ငါးနှစ်တာကာလ အတွင်း မြန်မာနိုင်ငံ ၏ Telenor အသုံးပြုသူဦးရေ ၉ဝ ရာခိုင်နှုန်းအထိ ရှိလာရန် မျှော်မှန်း ထားကြောင်း Telenor ၏ မြန်မာအမှုဆောင်အရာရှိချုပ် ပီတာဖာဘာ့ဂ် က ပြောကြားခဲ့သည်။
(နိုင်လင်းကြည်)

0 comments:
Post a Comment