တနိုင်းချောင်းအတွင်း စက်လှေငယ်များ ချောင်းရေမြင့်တက်ချိန် စောင့်မျှော်
တနိုင်း မေ ၁၆
ကချင်ပြည်နယ် တနိုင်းချောင်း အတွင်းမှ စက်လှေငယ်များ သည် ချောင်းရေ နည်း
ပါး၍ ခုတ်မောင်း သွားလာမှု အဆင်မပြေသဖြင့် ချောင်းအတွင်း သိမ်းဆည်းထားကြ
ပြီး ချောင်းရေမြင့်တက်လာမည့် အချိန်ကို စောင့်မျှော်လျက် ရှိကြောင်း
သိရသည်။
တနိုင်းမြို့သည် ဟူးကောင်းချိုင့် ဝှမ်းနယ်မြေတွင်ရှိ၍ မြစ်ကြီးနား မြို့နှင့် မိုင် ၁၂ဝ ခန့် ကွာဝေးပြီး သမိုင်းအထင်ကရဖြစ်စေသည့် လီဒို လမ်းမကြီးပေါ်တွင် တည်ရှိသည်။
တနိုင်းချောင်းက တနိုင်းမြို့ကြီး ကို ခါးလယ်မှဖြတ်၍ စီးဆင်းနေရာ တနိုင်းချောင်းဖြတ် ဘေလီတံတား ဖြင့် ဆက်သွယ်ပေးထားသည်။
ချောင်းရေပြင်မှာ ဇူလိုင်လမှ အောက်တိုဘာလထိ ရေများမြင့်တက် သဖြင့် စက်လှေငယ်များ ကူးသန်း သွားလာမှု အဆင်ပြေကြသည်။ မိုးတွင်းကာလဖြစ်၍ ကုန်းလမ်းခရီး တွင် သွားလာမှုနည်းပါးပြီး စက် လှေများဖြင့် ကူးသန်းသွားလာကြ သဖြင့် စက်လှေပိုင်ရှင်များ အဆင် ပြေကြသည်။
နိုဝင်ဘာလမှစ၍ ချောင်းရေ နိမ့်ကျပြီး သဲသောင်များပေါ်ထွန်း လာသဖြင့် စက်လှေငယ်များ သွား လာမှု အခက်အခဲရှိလာကြရာ ချောင်းအတွင်း သဲသောင်ပြင်တွင် စက်လှေများကို ထားကြရသည်။
အချို့စက်လှေများကို ချောင်းအတွင်း ရေထဲတွင် ကြိုးချည်၍ သိမ်းဆည်း ထားကြသည်။ ချောင်းအတွင်းရှိ သိမ်းဆည်းထားသော စက်လှေငယ် များ သည် ချောင်းရေမြင့်တက်လာ မည့်အချိန်ကို စောင့်မျှော်လျက်ရှိ ကြောင်း သိရသည်။

0 comments:
Post a Comment