Sunday, 17 May 2015

ပေါက်မြို့ အောင်တံခွန်တိုးချဲ့ရပ်ကွက် ဆေးရုံဝင်းအတွင်းရှိ ၀န်ထမ်းအိမ်ရာများ မီးလောင်မှုဖြစ်ပွား

 ပေါက် မေ ၁၆
 မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်တံခွန်တိုးချဲ့ရပ်ကွက် ဗိုလ်ချုပ် လမ်းတောင်ဘက် မြို့နယ်ပြည်သူ့ ဆေးရုံဝင်း ဝန်ထမ်းလိုင်းခန်းနေ ဒေါ်လိန်းထုံးအွယ်(၄၇)နှစ်၏ (၅ဍ္ဍ၃) ပင် လေးခန်းတွဲနေအိမ်တွင် ရေခဲ သေတ္တာသုံးစွဲသော မီးကြိုးခွေ အပူ လွန်ကဲပြီး နေအိမ်ထရံမှ မီးကူးစက် ကာ မေ ၁၄ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းသည့် နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦး၊ မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂ဝ နှင့် မြို့နယ် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးလုံးဝ ငြိမ်းသွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အခြားနေအိမ်များကူးစက်လောင်ကျွမ်းခဲ့ခြင်း၊ လူနှင့်တိရစ္ဆာန်များထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးပေါ့ဆစွာအသုံးပြုခဲ့သူ ဒေါ်လိန်းထုံးအွယ်အား ပေါက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဥာဏ်တိုး(ပေါက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate