Sunday, 17 May 2015

မိဘပေးစားသူကို မယူလို၍ ချစ်သူနောက် လိုက်ရန် ငွေခိုးရာမှ အင်ဂျင်နီယာမလေး တစ်ဦး အဖမ်းခံရ

woman-thief-pose


စစ်တွေ၊ မေ ၁၆
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အသက် (၂၁) နှစ်အရွယ် အင်ဂျင်နီယာမလေး တစ်ဦးသည် မိဘများ ပေးစားသူကို မယူလိုသဖြင့် ချစ်သူရှိရာ လိုက်ပါသွားရန် အတွက် ကုမ္ပဏီမှ ငွေခိုးယူခဲ့ သဖြင့် အဖမ်းခံခဲ့ရသည်ဟု သတင်း ရရှိသည်။
ယင်းအမျိုးသမီး အင်ဂျင်နီယာမလေးမှာ စစ်တွေမြို့ မြောက်စံပြ ရပ်ကွက်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့်  ၀င်း (၂၁ နှစ်) ဖြစ်သည်။( နာမည်အပြည်အစုံကို မဖော်ပြတော့ဘဲ ချန်လှပ်ထားလိုက်ပါသည်။) သူမအား ရန်ကုန်မြို့ သာကေတ မြို့နယ်တွင် နေထိုင်နေသည့် မိဘများက ယောင်္ကျားပေးစားရန် စီစဉ်သဖြင့် ချစ်သူရှိရာ ပဲခူးမြို့သို့ လိုက်သွားရန် ငွေလိုသဖြင့် ကုမ္ပဏီမှ ကျပ်သိန်း ၂၀ ကို ခိုးယူမိခြင်း ဖြစ်ကြောင်း ရဲသို့ ထွက်ဆိုသည်ဟု စစ်တွေမြို့မရဲစခန်းမှ အမှုစစ် ရဲအုပ် အေးခင်မောင်က နိရဉ္စရာသို့ အတည်ပြုပြောသည်။

“ ဒီ ဖြစ်စဉ်မှာ အမှုသည်ဖြစ်တဲ့ ၀င်းက ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ နေထိုင်တဲ့ သူမ၏မိဘတွေက ပေးစားမယ့်သူကို မယူလိုဘူး။ ဒါကြောင့် သူမ၏ချစ်သူရှိရာ ပဲခူးမြို့ကို လိုက်သွားရန်အတွက် ငွေကျပ် သိန်း ၂ဝ ကို မေလ ၁၄ ရက်နေ့က ခိုးယူခဲ့တယ်လို့ ထွက်ဆိုပါတယ်” ဟု အမှုစစ်ရဲအုပ်က ပြောဆိုသည်။

ယခုဖြစ်စဉ်သည် မေလ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားပြီးသည်နှင့်ချက်ချင်း ငွေခိုးယူခံရသည့် ကုမ္ပဏီမှ ဝန်ထမ်းအချို့က စစ်တွေမြို့မရဲစခန်းတွင် လာရောက်အမှုဖွင့်တိုင်ကြားခဲ့ရာမှ ရဲတပ်ဖွဲ့က မေလ ၁၅ ရက်နေ့တွင် စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

“အစပိုင်းတော့ အဲဒီနေ့က ကုမ္ပဏီရုံးခန်းမှာ သူတစ်ယောက်တည်းရှိနေတုန်း သူမကို လူစိမ်း တစ်ယောက်က လာပြီး မေ့ဆေးပါတဲ့ပုဝါနဲ့အုပ်ပြီး အဲဒီငွေတွေကို သေတ္တာထဲက ခိုးယူသွားတာလို့ ထွက်ဆိုတယ်။ ကျနော်တို့လည်း အသေးစိတ် စစ်ဆေးမေးမြန်းကြည့်တော့ မသင်္ကာစရာတွေတွေ့လာတယ်။ နောက်ပိုင်း တော်တော်လေး အချိန်ယူစစ်ဆေးမှ ဒီအမှုမှန်ပေါ်လာတော့တာပဲ” ဟု ရဲအုပ် အေးခင်မောင်က ဆိုသည်။

သူမ၏ မှားယွင်းထွက်ဆိုမှုကြောင်း စစ်တွေမြို့ရှိ ရပ်ကွက်တစ်ခုအတွင်း ပါးစပ်ကို ပုဝါဖြင့်အုပ်၍ အနုကြမ်းစီးမှု တစ်ခုဖြစ်ပွားခဲ့သည်ဟု စစ်တွေတွင် သတင်းများထွက်ပေါ်ခဲ့ပြီး လူထုအကြား စိုးရိမ် ထိန်လန့်မှုများလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမှုကျူးလွန်သူ အမျိုးသမီး အင်ဂျင်နီယာထံမှ ကုမ္ပဏီငွေများကို ပြန်လည် သိမ်းဆည်း ရမိခဲ့ပြီ ဖြစ်ကြောင်း၊ အမှုကျူးလွန်သူ ကိုလည်း စစ်တွေမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပြီဖြစ်ကြောင်း သိရှိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate