မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသ
ဘားအံ မေ ၁၆
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ကြီးမှူးကျင်းပသော
မျက်စိဝေဒနာ ရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသခြင်း အခမ်းအနား ကို မေ ၁၅
ရက် နံနက် ၈ နာရီခွဲက ကရင်ပြည်နယ် ပြည်နယ်ပြည်သူ့ ဆေးရုံကြီး သုံးထပ်
တိုးချဲ့လူနာဆောင် ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း က မျက်စိရောဂါဝေဒနာရှင်များ အတွက် ထောက်ပံ့ငွေများပေးအပ်လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းရာ မျက်စိရောဂါ ဝေဒနာရှင် ၅၂ ဦးအတွက် ၂၃ သိန်း၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးအတွက် ငွေကျပ် ၁ဝ သိန်းနှင့် ဆေးဝါးပစ္စည်း များ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ညွန့်ညွန့်ဝေ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ မျက်စိခွဲစိတ်လူနာများ အား ပြည်နယ်အစိုးရအဖွဲ့က လူနာ ၅၂ ဦး အတွက် အလှူငွေကျပ် ၂၆ဝဝဝဝ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့က ထမင်းဘူးနှင့် မုန့်များလှူဒါန်း ခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာ နာယက နှင့် အဖွဲ့ဝင်များ က မျက်စိခွဲစိတ် လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြား ကာ လက်ဆောင်ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ အမျိုး သမီးရေးရာ အဖွဲ့ချုပ်နာယကနှင့် အဖွဲ့ဝင် များသည် ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း သို့ သွားရောက်ကြည့်ရှုလေ့လာ အားပေးပြီး သင်တန်းသူ များအား ဝတ်စုံနှင့် ဦးထုပ်များ ပေးအပ် ခဲ့သည်။
ထို့နောက် ဘားအံမြို့ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အိမ် တွင်းမှုသင်တန်းကျောင်း၌ ဖွင့်လှစ် ထားသည့် စက်ချုပ်သင်တန်းသို့ သွားရောက်ကြည့်ရှုပြီး သင်တန်းသူ များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကာ မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် တိုင်းရင်းသား ရေးရာ အဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့် စိုးက စာရေးကိရိယာများနှင့် အလှူ ငွေ များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
(ပြည်နယ် ပြန်/ဆက်)

0 comments:
Post a Comment