Sunday, 24 May 2015

နိုင်ငံစွမ်းဆောင်ရည်ဆုရသူများအား (ပြည်နယ်အဆင့်) ထပ်ဆင့် ဆုချီးမြှင့်

DSC05409

စံမောင်သန်း စစ်တွေ၊ မေ ၂၃
ရခိုင်ပြည်နယ်မှ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု ရသူများအား ရခိုင်ပြည်နယ် အစိုးရမှ (ပြည်နယ်အဆင့်) ထပ်ဆင့် ဆုပေးပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
၂၀၁၄-၂၀၁၅ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု ၄၈ ခုကို ရခိုင်ပြည်နယ်မှ လက်ခံ ရရှိခဲ့ပြီး အမျိုးအစား ၁၆ မျိုး ပါဝင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှပေးပို့လိုက်သော ဆုအမျိုးအစားထဲတွင် နိုင်ငံတော်အဆင့်၌ ဘာသာရေးဆိုင်ရာ ဆုတစ်ဆုနှင့် သက်စွမ်းကြိုးပမ်းကယ်တင်စွမ်းဆောင်ဆု ၁၄ ဆုတို့ ပါဝင်သည်ဟု သိရသည်။
နိုင်ငံတော်အဆင့် ရရှိသူများကို  ပြည်နယ်အဆင့် ထပ်ဆင့်ဂုဏ်ပြု ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ချီးမြှင့်ရာတွင် အလိုတော်ပြည့်ဆရာတော်ကို မေလ ၂၀ ရက်နေ့က သီးသန့်အခမ်းအနား တစ်ရပ်ဖြင့် ချီးမြှင့်ခဲ့ပြီး လူပုဂ္ဂိုလ် ၁၄ ဦးကို မေလ ၂၂ ရက်နေ့က ဦးဥတ္တမ ခန်းမတွင် အခမ်းအနားပြုလုပ်
ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
လူပုဂ္ဂိုလ် ၁၄ ဦးမှာ  အောင်တံခွန် ၃ နစ်မြုပ်ရာတွင် လူ့အသက်ပေါင်းများစွာကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့၍ နိုင်ငံ့စွမ်းဆောင်ရည်ဆုများ ပေးအပ်ခဲ့ခြင်း ဖြစ်ကြာင်း သိရသည်။
“ရခိုင်လူမျိုးတွေဟာ အမျိုးကိုချစ်တယ်၊ သီလကိုစောင့်တယ်၊ ဗုဒ္ဓဘာသာဖြစ်ပြီး အချင်းချင်းကူညီရိုင်းပင်းတယ်၊ ဒုက္ခရောက်သူကိုတွေ့ရင် မိမိအကျိုးစီးပွားကို ပစ်ပယ်ပြီး ကူညီတတ်တယ်ဆိုတာကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးက သိရှိအောင် ဆောင်ရွက်နိုင်ခဲ့တဲ့သူတွေဖြစ်တယ်”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခမ်းအနားတွင် ပြောကြားသည်။
ယခုနှစ်ပြည်နယ်အဆင့် ဆုပေးရာတွင် မြို့နယ်အဆင့် ဖွံ့ဖြိုးတက်မှု ပထမဆုကို စစ်တွေမြို့ကလည်းကောင်း၊ ဒုတိယဆုကို သံတွဲကလည်းကောင်း၊ တတိယဆုကို ကျောက်ဖြူကလည်းကောင်း ရရှိခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှု ကျေးရွာအဆင့်တွင် ပထမဆုကို မြောက်ဦးမြို့နယ်မြောင်းဘွေကျေးရွာကလည်းကောင်း၊ ဒုတိယဆုကို ရမ်းဗြဲမြို့နယ် သရက်ချိုကျေးရွာကလည်းကောင်း၊ တတိယဆုကို သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကလည်းကောင်း ရရှိခဲ့ကြောင်းသိရသည်။
ထိုသို့ဆုများပေးအပ်ရခြင်းမှာ လူသားစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ဖြစ်သည်ဟု ဆုပေးပွဲအခမ်းအနားတွင် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ၀န်ကြီးများ၊ မြို့မိမြို့ဖများအပါအ၀င် စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့သည်။ အခမ်းအနားကို ၁ နာရီတွင် စတင်ပြီး ၃ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။
၂၀၁၃- ၂၀၁၄ ခုနှစ်ကလည်း နိုင်ငံတော်အဆင့်တွင် လူမှုစွမ်းဆောင်ရည်ဆု တတိယဆုတစ်ဆုကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ တစ်ဦးရရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate