Monday, 11 May 2015

လစာ ကျပ်တစ်သိန်းအောက် လုပ်ငန်းများ လျှောက်သူ မရှိတော့ဟုဆို

ပြည်တွင်း အလုပ်အကိုင်ဈေး ကွက်တွင် အနည်းဆုံးလစာ ကျပ်တစ်သိန်း အောက် လုပ်ငန်းများ၌ လျှောက်ထားသူ မရှိတော့ကြောင်း သတင်းရရှိသည်။
အခြေခံလုပ်ခလစာ ကျပ် ၈၀,၀၀၀ ခန့်ဖြင့် ခေါ်ယူမှုကို ယခင်က လျှောက်ထား မှုများရှိခဲ့သော်လည်း သင်္ကြန်အလွန်မှစ၍ ကျပ်တစ်သိန်းအောက် လစာအတွက် လျှောက်ထားမှု မရှိသလောက် ဖြစ်လာ သည်ဟု ပြည်တွင်း အလုပ်အကိုင်ရှာဖွေ ရေးဝန်ဆောင်မှု လုပ်ငန်းများထံမှ သတင်း ရရှိသည်။
‘‘ဈေးကွက်ပြောင်းသွားတဲ့ သဘော ဖြစ်နေတယ်။အခုအချိန်မှာ ကျပ် တစ်သိန်းအထက် လျှောက်ထားမှုတွေပဲ ရှိတော့တယ်။ ကျွန်တော်တို့က တော့ အလုပ်ရှင်နဲ့ အလုပ်သမား ကြားထဲကနေ အ ဆင်ပြေအောင် ညှိပေးရတာပေါ့’’ ဟု နွယ်ရိုး ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးထွဋ်က ပြော သည်။ရန်ကုန်မြို့၏ နေထိုင်စား သောက်မှု စရိတ်မြင့်တက်နေခြင်း နှင့် နိုင်ငံ့ဝန်ထမ်းလစာများ တိုး မြှင့်ပေးခဲ့ခြင်းအပေါ် အခြေခံ၍ အဆိုပါ အလုပ်သမားများ မျှော်မှန်းလစာ တိုးမြှင့်ရယူလိုမှု ပြောင်းလဲလာခြင်း ဖြစ်နိုင်ကြောင်း အ လတ်စား စက်မှုလုပ်ငန်းရှင် ဦးဝင်းကိုက သုံးသပ်သည်။

အဆိုပါ ဈေးကွက်တွင် အ လုပ်သမားလိုအပ်ချက်မှာ မြင့်မားနေပြီး အလုပ်လျှောက်ထားမှု များ၌ ကျွမ်းကျင် အလုပ်သမား ထက် အခြေခံလုပ်သားများက ပိုမို များပြားနေသည်ဟု သိရသည်။

‘‘၀င်ဝင်ချင်း လစာက ကျွန်တော်တို့လည်း တစ်သိန်း အထက် မှန်းတာပဲလေ။ သူက နောက်ပိုင်းတိုးမယ် ပြောပေမယ့် လည်း ဘယ်လောက်တိုးမယ်မှန်း မသိ။ သေချာမှုလည်း မရှိတော့ လျှောက်ကတည်းက ကိုယ်လိုချင် တာ တောင်းထားတာ ပိုကောင်းတယ်ထင်တယ်’’ဟု အေးဂျင့်တစ်ခုနှင့် ချိတ်ဆက်၍ အလုပ်လျှောက်လွှာတင်ထားသူ ကိုဟိန်းသီဟက ပြောသည်။

ကုမ္ပဏီများ အနေဖြင့် အ ခြေခံ အလုပ်သမားများအား ၀င်ဝင်ချင်း ကျပ်တစ်သိန်းအထက်ပေးရန် အခက်အခဲရှိသော်လည်း အလုပ်သမားလိုအပ်ချက် ရှိနေ ခြင်းကြောင့် အတတ်နိုင်ဆုံး တိုး မြှင့်ပေးလာကြသည်ဟု အဆိုပါ ၀န်ဆောင်မှုလုပ်ငန်းများက ဆို သည်။

‘‘အခုကာလက အလုပ်က ထွက်သွားတာမျိုး၊ အလုပ်ပြောင်း တာမျိုးတွေကြောင့် လုပ်ငန်း တော်တော်များက ဒီအချိန်မှာ အလုပ်သမားလိုအပ်ချက်တွေ များနေတယ်။ ဒါကို အခုအချိန်မှာ ပြန်ဖြည့်နေရတယ်။ လစာကျပ် တစ်သိန်းအထက် တောင်းဆို မျှော်မှန်းပြီး လျှောက်ထားတာ များလာတာ သတိထားမိပါ တယ်’’ ဟု ကိုထွဋ်နှင့်ညီအစ်ကို များ ပြည်တွင်းအလုပ်အကိုင် ရှာ ဖွေရေး ကုမ္ပဏီမှ ကိုကျော်မျိုးဦး က ပြောသည်။

လက်ရှိတွင် အင်ဂျင်နီယာ လုပ်ငန်းပိုင်း၊ ရုံးပိုင်း၊ ဈေးကွက် အရောင်းမြှင့်တင်ရေး လုပ်ငန်း ပိုင်းနှင့် ယာဉ်မောင်းလုပ်ငန်းများ အတွက် အလုပ်ခေါ်ယူမှုများလာ ကြောင်း ကိုကျော်မျိုးဦးက ပြောသည်။

ရာထူးမြင့် ကျွမ်းကျင်လုပ် သားမှာမူ ယခင်ကပင် ဈေးကွက် ၀င်ရောက်မှုနည်းသည့်အတွက် ၀န်ဆောင်မှုလုပ်ငန်းများအနေ ဖြင့် ရာထူးနိမ့်လုပ်သားများအား အများဆုံး ၀န်ဆောင်မှုပေးနေရ ကြောင်း သိရသည်။

လစာကျပ် ဆယ်သိန်းအ ထက်ရာထူးများအတွက် အလုပ် သမားရှာပေးရမှုနှင့် အလုပ်အ ကိုင်ရလိုမှုအတွက် လျှောက်လွှာ လာရောက်တင်ခြင်းမှာ မရှိသ လောက် နည်းသည်ဟု ဆိုသည်။

အလုပ်သမား လိုအပ်သည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လည်း ယခုနောက်ပိုင်းတွင် ၀န် ဆောင်မှုလုပ်ငန်းများနှင့် ချိတ် ဆက်၍ အလုပ်သမားခေါ်ယူမှု ပိုမိုတွင်ကျယ်လာသည်ဟု အဆို ပါလုပ်ငန်းများမှ သိရသည်။

7daydaily
http://7daydaily.com/story/36981#.VVAvSZOIXap 

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate