Monday, 11 May 2015

ကေအင်န်ယူက အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်

Monday, May 11, 2015
ကေအင်န်ယူတပ်ဖွဲ့ဝင် များ ရပ်တည်ရေးအတွက် စီးပွား ရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် အထည်ချုပ်လုပ်ငန်း၌ ရင်းနှီးမြှုပ် နှံရန် စီစဉ်နေကြောင်း ကေအင်န် ယူ ရန်ကုန်စီးပွားတာဝန်ခံကပြော သည်။
‘‘နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားရင် တပ်ဖွဲ့ဝင်တွေ ရပ် တည်ဖို့အတွက် စီးပွားရေးတွေ လုပ်ဖို့ စီစဉ်နေတာပါ။ အခုတပ် ဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းကြီးတစ် ခုဖြစ်ဖို့ ရည်ရွယ်ထားတယ်။ အ ထည်ချုပ်လုပ်ငန်းက တစ်ပိုင်းအ ပါအ၀င်ပါ’’ဟု ကေအင်န်ယူရန်ကုန် စီးပွားတာဝန်ခံဗိုလ်မှူးမိုက်ကယ် ကပြောသည်။
အထည်ချုပ်လုပ်ငန်းအ တွက် ကရင်ပြည်နယ်နှင့် ရန်ကုန် မြို့ မြောက်ဒဂုံတို့တွင် လုပ်ကိုင်ရန်စီစဉ်ထားပြီး ပထမဦးဆုံးစက်ရုံနှစ်ခု တည်ဆောက်ထားသည်ဟု ဆိုသည်။ မြေနေရာများမှာ ကေ အင်န်ယူတပ်ဖွဲ့ပိုင်မြေနေရာများ ဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များနှင့်သာ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ လုပ်ငန်း အောင်မြင်ကျယ်ပြန့်လာမှသာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးအတွက် ကျပ် သန်း ၁၀၀ မ,တည်မည်ဖြစ်ပြီး ယင်းအနက်မှ အထည်ချုပ်လုပ်ငန်းအတွက် ထုတ်ယူသုံးစွဲမည်ဟု ဗိုလ်မှူးမိုက်ကယ်ကပြော သည်။ အထက်ပါစက်ရုံနှစ်ခုတွင် လုပ်သား ၃,၀၀၀ ခန့်အလုပ်အ ကိုင်ရရှိမည်ဟု မျှော်မှန်းထား သည်ဟုဆိုသည်။
အထည်ချုပ်လုပ်ငန်းအ တွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိထား ပြီး ကေအင်န်ယူဗဟိုကော်မတီက မည်သည့်နေရာတွင် အကောင် အထည်ဖော်မည်ကို နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကေအင်န်ယူသည် အထည် ချုပ်လုပ်ငန်းအပါအ၀င် သတ္တု၊ ခရီးသွားလုပ်ငန်းများအတွက်သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်ဟု အထက် ပါပုဂ္ဂိုလ်ကဆိုသည်။
‘‘ကေအင်န်ယူက ကရင်လူ မျိုးတွေအတွက် အဓိကအားထား စရာဖြစ်လာမှာပါ။ ရန်ကုန်မှာ လုပ်တာထက် ကရင်ပြည်နယ်မှာ လုပ်စေချင်တယ်။ ကရင်ပြည် နယ်က အလုပ်အကိုင်အခွင့်အ လမ်းရှားပါးနေတယ်’’ဟု မြ၀တီ မြို့မှ ကိုစောလွင်ကပြောသည်။
7Day Daily

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate