မုတ်သုန်အ၀င်နောက်ကျ၍ မင်းပြားမြို့ပေါ်၌ ရေရှားနေ
စစ်တွေ၊ မေ ၂၈
မင်းပြားမြို့ပေါ်လုထု
အဓိက အသုံးပြုရာ မင်းကန် ယခုနှစ်တွင် ခန်းခြောက်နေသည်ကို တွေ့ရစဉ်။
အဓိက အသုံးပြုရာ မင်းကန် ယခုနှစ်တွင် ခန်းခြောက်နေသည်ကို တွေ့ရစဉ်။
မင်းပြားမြို့ပေါ်တွင် ပြည်သူလူထု အသုံးပြုနေသော ရေကန် ၃၅ ကန်ရှိပြီး ယင်းရေကန်အားလုံးတွင် ရေခမ်းခြောက်သွားခဲ့ပြီဟု မင်းပြားမြို့မှ ဦးသိန်းစံပြောသည်။
မင်းပြားမြို့ပေါ်တွင် ရေလုံးဝခမ်းခြောက်သွား၍ လူထု ဒုက္ခရောက်နေသည်မှာ တစ်ပတ်ခန့် ရှိနေပြီး ယခုအခါ မီးသတ်၊ စည်ပင်၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အလှူရှင်များက
မင်းပြားတစ်မြို့လုံးအတွက် ရေရှိရာ နေရာများရေကို သယ်ယူပြီး ကိုဖြန့်ဖြူးနေရသည်ဟု သိရသည်။
ရေများကို ငါးစင်ရိုင်းချောင်းဆည်နှင့် မင်းပြားမြို့ကျိန်းတောင်အနီးရှ
“သောက်ရေရော၊ သုံးရေပါ တော်တော် အခက်အခဲရှိနေပါတယ်။ သောက်ရေသန့် ဗူးကြီးတစ်ဗူးကို ၇၀၀ ကျပ်ထိပေးဝယ်နေရပါတယ်။ ချမ်းသာတဲ့လူတွေအတွက်ကတော့ ကိစ္စမရှိဘူး။ ဆင်းရဲတဲ့ ပြည်သူအတွက် တော်တော့်ကို အခက်အခဲပါပဲ”ဟု ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
မင်းပြားမြို့ပေါ်တွင် ရပ်ကွက်သုံးကွက်ရှိပြီး အိမ်ခြေတစ်သောင်းခန့်ရှိကာ လူဦးရေ ၅ သောင်းခန့်ရှိသည်ဟု သိရသည်။
ယခုကဲ့သို့ မိုးခေါင်ရေရှားဖြစ်ရခြင်းမှာ၊ တောတောင်များ၌ သစ်တောများပြုန်းတီးခြင်း၊ ဒီရေတောများ ပြုန်းတီးခြင်း၊ ကမ်းလွန်ရေနံတူးဖေါ်ခြင်း၊ သဘာဝ ဓါတ်ငွေ့ တူးဖေါ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဦးသိန်းစံက သူ့အမြင်ကို ပြောသည်။
မင်းပြားမြို့ ရေအခက်အခဲကိုဖြေရှင်းနိုင်ရန် မြောက်ဦးမြို့ကို အကူအညီတောင်းထားသည်ဟု သိရသည်။
ယခုအခါ မင်းပြားမြို့အပြင် ပုဏ္ဏားကျွန်းမြို့တွင်လည်း ရေအခက်အခဲကို
အထူးရင်ဆိုင်နေရသည်ဟု လေ့လာသိရှိရသည်။


0 comments:
Post a Comment