Sunday, 31 May 2015

သီတာထွေးကွယ်လွန်ခြင်း ၃ နှစ်မြောက်အောက်မေ့ဖွယ်အခမ်းအနား ကျောက်နီမော်တွင်ပြုလုပ်

Thida
ရန်ကုန်၊ မေ ၂၈

ကျောက်နီမော်သူ မသီတာထွေးကွယ်လွန်ခြင်း ၃ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို မေလ ၂၈ ရက်နေ့က သူမ၏ဇာတိဖြစ်သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မနက်ပိုင်းမှာ ဘုန်းကြီးတွေကို အရုဏ်ဆွမ်းကပ်တယ်။ နောက်ပြီး ရေစက်ချအမျှဝေတယ်။ လာတဲ့သူများကိုလည်း လက်ဖက်ရည်နှင့်ဧည့်ခံခဲ့တယ်”ဟုအခမ်းအနားသို့တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့နယ်ရခိုင်အမျိုးသားပါတီမှ ဦးသိန်းဇော်က ပြောသည်။
ယင်းအပြင် မသီတာထွေး၏အရိုးဂူတွင်လည်း အခမ်းအနားသို့တက်ရောက်လာသူများက လွမ်းသူ့ပန်းခွေများချ၍ တစ်မိနစ်ခန့်ငြိမ်သက်ကာ ဂုဏ်ပြုခဲ့ကြကြောင်းလည်း သိရသည်။

မသီတာထွေးသည် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့က ကျောက်နီမော်ကျေးရွာအနီးတွင် ဘင်္ဂလီ ၃ ဦး၏ အဓမ္မကျင့်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။
thida-htwe
ယင်းသို့ သူမကွယ်လွန်သွားခြင်းမှာ ရခိုင်ပြည်နှင့်ရခိုင်လူမျိုးများကို ဘင်္ဂလီများ၏အန္တရာယ်မှ အသက်ပေးကာကွယ်သွားခြင်းဖြစ်သည့်အတွက် သူမအား ဂုဏ်ပြုလို၍ ယခုကဲ့သို့ အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ကွယ်လွန်သွားတာ ဒီနှစ်ဆိုရင် သုံးနှစ်မြောက်ဖြစ်ပြီပေါ့လေ။ နှစ်တိုင်းလုပ်တယ်”ဟု ဦးသိန်းဇော်က ဆိုသည်။
အဆိုပါအခမ်းအနားကို မသီတာထွေး၏မိသားစုဝင်များက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ မသီတာထွေး၏ မိသားစုဝင်များအပါအဝင် ဒေသခံများ၊ လူမှုအဖွဲ့အစည်းအချို့မှတာဝန်ရှိသူများနှင့် ကျောက်ဖြူနှင့်  ရမ်းဗြဲမြို့နယ် ရခိုင်အမျိုးသားပါတီမှတာဝန်ရှိသူများ စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate