မီးတောင်ပေါက်ကွဲမှု နှင့် ကြုံတွေ့ဖွယ်ရှိသော နိုင်ငံများကို Global Volcano Model Network က သတင်းထုတ်ပြန်
ဝါရှင်တန် ၊ ၁၁-၅-၂၀၁၅
အသက်ရှူကျပ် စေသော လေထု၊ ကြောက်မက်ဖွယ် ကောင်းသော ချော်ရည် စီးကြောင်းကြီး များနှင့် ဆူနာမီ ရေလှိုင်းကြီး များသည် မီးတောင် ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ဖြစ်ရပ်များ ဖြစ်သည်။
အဆိုပါ သဘာဝ ဘေးအန္တရာယ် ကြီးများ ကြုံတွေ့ နိုင်သော နိုင်ငံများကို မကြာမီက Global Volcano Model Network က သတင်း ထုတ်ပြန်ထား ရှိသည်။
နံပါတ်တစ် နေရာတွင် အင်ဒိုနီးရှား နိုင်ငံ ရှိနေပြီး ဖိလစ်ပိုင် နိုင်ငံ က နံပါတ်နှစ် နှင့် ဂျပန်နိုင်ငံ က နံပါတ်သုံး နေရာတွင် ရှိသည်။ ၄င်းနိုင်ငံများ နောက်မှ မက္ကစီကို၊ ဂွာတီမာလာ၊ အီကွေဒေါ၊ အီတလီ၊ အယ်ဆာဗေးဒိုး နှင့် ကင်ညာ နိုင်ငံတို့ အသီးသီး ရှိနေကြသည်။ ၁၆ဝဝ ပြည့်နှစ်ခန့် ကစ၍ ကမ္ဘာကြီးတွင် မီးတောင် ပေါက်ကွဲမှု များကြောင့် လူဦးရေ ၁၇၈ဝဝဝ ခန့် အသက်ဆုံးရှုံး ခဲ့ရပြီး ဖြစ်သည်။ အဆိုပါ သေဆုံးခဲ့သူ များတွင် မီးတောင် ပေါက်ကွဲမှုမှ ရရှိခဲ့သော ရောဂါမျိုးစုံနှင့် အစားအစာ ရှားပါးခြင်း တို့ကြောင့် အသက်ဆုံးရှုံး ခဲ့ရသူ ပေါင်းမှာ ၂၄ ရာခိုင်နှုန်း ပါဝင်သည်။
အင်ဒိုနီးရှား နိုင်ငံတွင် Tambor မီးတောင်ကြီး ပေါက်ကွဲခဲ့ စဉ်က လူသားတို့၏ အသက်ပေါင်း ၇ဝဝဝဝ သည် မီးတောင်ကြီး စတင် ပေါက်ကွဲမှု ဖြစ်လျှင် ဖြစ်ချင်း ချော်ရည်ပူများ လောင်ကျွမ်း ခံရခြင်း၊ အသက်ရှူ ကျပ်ခြင်း စသည်တို့ကြောင့် သေဆုံးခဲ့ ရသည်။
မီးတောင်ကြီးများ ပေါက်ကွဲမှု ဖြစ်စဉ်တွင် မီးခိုးများ၊ ပြာများနှင့် ချော်ရည်ပူ များသည် မီးတောင်ဝနှင့် ကောင်းကင်သို့ ပြင်းထန်စွာ မှုတ်ထုတ် ခြင်းကြောင့် မိုင်ပေါင်း များစွာထိ ရောက်ရှိလေ့ ရှိပြီး လေယာဉ် ခရီးစဉ်များ ကိုလည်း အဟန့်အတား များ ဖြစ်စေကြောင်း သိရသည်။
#PyiChitThar



0 comments:
Post a Comment