Friday, 15 May 2015

KTV မယ်တဦး အရက် ၁၈ ခွက်သောက်ပြီး သေဆုံး


အသက် ၂၇ နှစ်အရွယ် KTV မယ်တဦးသည် မေ ၁၄ ရက် ဗုဒ္ဓဟူးနေ့က အရက် ၁၈ ခွက်သောက်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူ အမျိုးသမီးသည် ကျန်းမာရေး မြှင့်တင်ရေး ဘုတ်အဖွဲ့က အမျိုးသားများအတွက် သတ်မှတ်ထားသည့် အယ်လ်ကိုဟော ကန့်သတ်စံချိန်ထက် ၉ ဆ ခန့် ပိုမိုသောက်သုံးခဲ့သည်ဟု ဆိုသည်။

စင်္ကာပူနိုင်ငံ Clarke Quay အနီးရှိ KTV တခုတွင် အလုပ်လုပ်သူ အမျိုးသမီးကို ဧည့်သည်တဦးက အရက်ဖြင့် တည်ခင်းခဲ့ခြင်းဖြစ်ပြီး သူမသောက်သုံးသည့် အရက် ၁ ခွက်လျှင် စင်္ကာပူဒေါ်လာ ၅၀ (မြန်မာငွေ ကျပ် ၄၀၀၀၀ ခန့်) ကျသင့်ကြောင်း “ရှင်မင်း” ညနေခင်းသတင်းစာက ဖော်ပြသည်။
အဆိုပါသတင်းအရ ၎င်း KTV မယ်သည် အရက် ၁၈ ခွက်သောက်အပြီး မေ့မြောသွားခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက အင်္ဂါနေ့ မနက်ပိုင်းက အဆိုပါအမျိုးသမီးအား စင်္ကာပူအထွေထွေရောဂါကုဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း၊ ယင်းသို့ပို့ဆောင်ပေးစဉ် အမျိုးသမီးသည် အသက်ရှုခြင်း၊ သွေးခုန်ခြင်းများ မရှိတော့ကြောင်း၊ ထို့နောက် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ ၅၃ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

၃၃၀ မီလီလီတာပါ ဘီယာ ၁ ဘူး (သို့) ၀ိုင်ခွက်ဝက်(၁၇၅ မီလီလီတာ) (သို့) အရက်ပြင်း ၃၅ မီလီလီတာလျှင် အယ်လ်ကိုဟော ၁၀ ဂရမ်ပါဝင်ကြောင်း ကျန်းမာရေးမြှင့်တင်ရေးဘုတ်အဖွဲ့ထံမှ သိရသည်။

အမျိုးသမီးများ တထိုင်တည်း အရက် ၃၊ ၄ ခွက်ထက်ပို၍ သောက်သုံးခြင်း၊ အမျိုးသားများအနေနှင့် ၅ ခွက်နှင့်အထက် သောက်သုံးခြင်းကို အရက်အလွန်အကျွံ သောက်သုံးခြင်းဟု သတ်မှတ်ကြောင်း၊ အရက်ကို အမျိုးသမီးများအနေနှင့် ၁ နေ့လျှင် ၁ ခွက်၊ အမျိုးသားများအတွက် ၁ နေ့လျှင် ၂ ခွက်ထက်ပို၍ မသောက်သုံးသင့်ကြောင်းလည်း ကျန်းမာရေးမြှင့်တင်ရေးဘုတ်အဖွဲ့က အကြံပြုသည်။

ရည်ညွှန်း - The Straits Time
(မှတ်ချက် - သတင်းသရုပ်ဖော်ပုံသာ ဖြစ်သည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate