Friday, 15 May 2015

လက်နက်ကိုင်အင်အားပြ စည်းရုံးရေး မဟုတ်ဟု ကေအန်ပီပီပြော

စစ်ကြောင်းထွက်သော ကေအဲန်ပီပီ တပ်သားအချို့အား မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တပ်များ လက်နက်ကိုင် အင်အားပြ စည်းရုံးခြင်း မဟုတ်ကြောင်း ကေအန်ပီပီက ငြင်းဆိုလိုက်သည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို လူထုများထံချပြသွားရန် ကေအန်ပီပီ တပ်ဖွဲ့၏ နယ်လှည့်ခရီးစဉ်ကို လက်နက်အင်အားပြကွင်းဆင်း စည်းရုံး သည်ဆိုကာ နိုင်ငံပိုင်သတင်းစာများနှင့် အင်တာနက် စာမျက်နှာပေါ် တွင် ရေးသားနေခြင်းကို ကေအန်ပီပီ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က ကန့်ကွက်ကြောင်း ပြောသည်။

“တချို့သတင်းစာတွေမှာ အင်တာနက်စာမျက်နှာတွေမှာ ဒီစစ်ကြောင်းနဲ့ ပတ်သက်ပြီး ရေးသားချက်တွေက အများကြီးကွဲလွဲတယ်” ဟု သူက ပြောသည်။
သတ်မှတ်ထားသော နယ်မြေပြင်ပမှ သွားလာခြင်း၊ သံလွင်မြစ်အနောက်ဖက်ကူးပြီး ရောက်ရှိအခြေပြု နေထိုင်ခြင်း စသည့် အစိုးရမီဒီယာများ စွပ်စွဲချက်များသည် မဟုတ်မမှန်ပဲကွဲလွဲနေသည်ဟု ဦးရွှေမျိုးသန့်က ဆိုသည်။

ထိုအပြင် ၂ ဖက်အကြား နယ်မြေသတ်မှတ်ထားခြင်း မရှိသေးသလို တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး၊ စည်းမျဉ်းစည်းကမ်းများထွက်လာမှ ၂ ဖက် အကျေအလည်ဆွေးနွေးခြင်းပြုလုပ်ပြီးနောက် နယ်မြေများသတ်မှတ်နိုင်မည်ဖြစ်သည်ဟု သူက ပြောသည်။

ကရင်နီတပ်မတော်စေလွှတ်ခြင်းသည် အပစ်အခတ်ရပ်စဲရေးအတွက် တည်ငြိမ်အေးချမ်းမှု အနှောင့် အယှက်အဟန့်အတားဖြစ်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် တပ်ဖွဲ့များနှင့်ပတ်သက်ပြီး အနှောက်အယှက်အဟန့် အတားဖြစ်ရန် ကရင်နီရဲဘော်များကို စေလွတ်ခြင်း စသည့်ရေးသားခြင်းများ အပေါ်တွင် မသက်ဆိုင်ကြောင်းလည်း ဆိုသည်။

မေ ၁၃ ရက် မွန်းလွဲပိုင်းတွင် ကေအန်ပီပီ ခေါင်းဆောင်များနှင့် ဒေသတွင်းငြိမ်းချမ်းရေးစောင့်ကြည့် လေ့လာသူများ၊ မီဒီယာများနှင့် တွေ့ဆုံပြီး လွိုင်ကော်မြို့ကေအန်ပီပီရုံးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကာလတွင် ၂ ဖက် တင်းမာနေရမည့်အချိန်မဟုတ်ကြောင်း ၁ ဖက်က လျော့ပေးရန် လိုအပ်ကြောင်း ပြည်နယ်ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာသူအဖွဲ့ဝင် တဦးက ပြောသည်။

Written by ဖြိုးဝေအောင်
ကန္တရ၀တီတိုင်း(မ်)
http://www.ktimes.org

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate