Friday, 15 May 2015

Selfie ရိုက်ဖို့ကြိုးစားတဲ့ မိန်းခလေး ဓာတ်လိုက်သေ

ပုံမှာ မြင်တွေ့နေရတဲ့ အသက် ၁၈ နှစ်အရွယ် Anna Ursu လို့ အမည်ရတဲ့ အမျိုးသမီး ငယ်ဟာ Selfie ရိုက်ဖို့ ကြိုးစားရင် အခန့်မသင့်ပဲ ဓာတ်လိုက်သေဆုံခဲ့ပါတယ်။ သူမ ရိုက်ချင်တဲ့ Selfie က သူများနဲ့ မတူပါဘူး။ အထူးခြားဆုံး Selfie ဖန်တီးချင်တာကြောင့် ရထားဘူတာကို သွားပြီး ရပ်ထားတဲ့ ရထားတွဲရဲ့ ခေါင်မိုးပေါ် တက်ပါတယ်။ ရထားခေါင်မိုး အမြင့်လောက်မှာပဲ သွယ်တန်းထားတဲ့ ဘူတာရုံက ဓာတ်ကြိုးများလည်း မနည်းပါဘူး။
သူမ သွားနေစဉ်မှာပဲ ဓာတ်ကြိုးနဲ့ ခြေထောက်နဲ့ ထိပြီး ဓာတ်လိုက်ပါတယ်။ ဗို့အား ၂၇၀၀ အားနဲ့ စီးဆင်းနေတဲ့ ဓာတ်ကြိုးဖြစ်တာကြောင့် သူမတစ်ကိုယ်လုံး ဓာတ်လိုက်ပါတယ်။ သူမကို ကယ်ဖို့ ကြိုးစားတဲ့ အသက် ၁၉ နှစ်အရွယ် အတူ ပါ သူငယ်ချင်းလည်း ဆက်လိုက်ပါတယ်။ ရထားဘူတာရုံမှာ ဒါကို မြင်တွေ့သူက သွားရောက်ကယ်ဆယ်လိုက်နိုင်ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်။ ၁၉ နှစ်အရွယ် သွားကယ်သူကတော့ ဓာတ်လိုက်တဲ့ဒဏ်ကြောင့် ဘာမှ သိသိသာသာ မထိခိုက်သွားတာကြောင့် ပြန်လည် ကောင်းမွန်သွားပါပြီ။
Anna ကတော့ ခန္ဓာကိုယ်ရဲ့ ၅၀ ရာခိုင်နှုန်းခန့်သော အစိတ်အပိုင်းများဟာ မီးလောင်ကျွမ်းပြီးသား ဖြစ်သွားတာကြောင့် ဆေးရုံပေါ်မှာပဲ နာရီပိုင်းအတွင်း သေဆုံးခဲ့ ပါတယ်။ ဒါကြောင့်မို့ ဘူတာရုံတွေမှာ Selfie ရိုက်ချင်သူများကို တားမြစ် ဧရိယာ ဆိုင်းဘုတ်များ တပ်ခြင်း၊ ကာခြင်းများ ပြုလုပ်တော့မှာ ဖြစ်ကြောင်း ဆိုပါတယ်။ Selfie ရိုက်ပြီး အပြန်အလှန် ပြိုင်ဆိုင်နေကြပြီး Facebook ပေါ်တင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါတယ်။.
Ref: metroအောင်ခမ်း (ရိုးရာလေး)#aungkham_yyl#news_yylwww.yoyarlay.com

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate