Friday, 15 May 2015

မြန်မာကလာသော စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်း စစ်တကောင်းတွင် ဖမ်းမိ

Yaba_arrested 
ကော့စ်ဘဇား၊ မေ ၁၄
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်နှင့် ကပ်ရပ်တည်ရှိသော စစ်တကောင်းမြို့တွင် မြန်မာမှ တင်သွင်းလာသည်ဟု ဆိုသော စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကို အထူးမှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ ( Rapid Action Battalion) ငါးဖမ်း သင်္ဘော တစ်စီးပေါ်မှ ဖမ်းမိခဲ့သည်။
မေလ ၁၃ ရက် ဗုဒ္ဓဟူးနေ့က စစ်တကောင်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Ena ဟု အမည်ရသော ငါးဖမ်းသင်္ဘောပေါ်သို့ တက်ရောက် ရှာဖွေစဉ် ယင်းအရေအတွက်များပြားသော ယာဘား စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးမိခဲ့သည်ဟု ဘင်္ဂလာရဲတပ်ဖွဲ့က မီဒီယာများသို့ ထုတ်ဖော်ပြောဆိုသည်။

ယင်းယာဘားဆေးပြားများနှင့် ဆက်စပ်ကာ လူ ၇ ဦးကိုလည်း ရဲကဖမ်းဆီးလိုက်သည်ဟု သိရသည်။ အထူးမှုခင်းရဲတပ်ဖွဲ့ အမှတ် (၇) ဒါရိုက်တာ ဖြစ်သူ ဗိုလ်မှူးကြီး မီပါတာ အာမတ် ( Miphata Ahmed) က ယင်းဖမ်းဆီးရမှုကို အတည်ပြုပြီး သတင်းအရ ယင်းငါးဖမ်းသင်္ဘောကို ၀င်ရောက်စီးနှင်းစဉ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ယခု ဖမ်းဆီးရမိသော ဆေးပြားပမာဏ  ၅ သန်းသည် အများဆုံးအရေအတွက် ဖြစ်ပြီး မြန်မာနိုင်ငံက ယူဆောင်လာသည်ဟု ပြောသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate