Monday, 1 June 2015

ရခိုင် လေးမြို့နယ် ANP လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေး ပြီးဆုံး

ANP-Headquarters-Sittwe

ရန်ကုန်၊
ဇွန်လ ၁ ရက်

ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီ၏ ၂၀၁၅ ခုနှစ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကို မြို့နယ်တိုင်းတွင် ယခုအခါ စတင် ရွေးချယ်နေပြီ ဖြစ်သည်။ မေလ ၂၃ ရက်နေ့က ရသေ့တောင်မြို့တွင်လည်းကောင်း၊ မေလ ၂၈ ရက်နေ့က မြောက်ဦးနှင့် ပုဏ္ဍားကျွန်းမြို့ တို့တွင် လည်းကောင်း၊ မေလ ၃၀ ရက်နေ့က ကျောက်တော်မြို့တွင်လည်းကောင်း  အသီးသီး ရွေးချယ်ခဲ့ကြသည်။
ရသေ့တောင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာ အတွက် လက်ရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် ဦးမောင်လှမြင့်တို့ ယှဉ်ပြိုင်ကြရာ ဒေါ်ခင်စောဝေက အနိုင်ရရှိသွားခဲ့သည်။
ရသေ့တောင်မြို့နယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အတွက် ဦးဖိုးမင်း၊ ကိုကိုမောင်နှင့် ဦးဦးသိန်းမောင်တို့ ယှဉ်ပြိုင်ကြရာ လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်းက အနိုင် ရရှိသွားသည်။

ရသေ့တောင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဦးလှမောင်သိန်း( လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)၊ ဦးသန်းနိုင် (၈၈ ကျောင်းသားဟောင်း)၊ ဒေါ်စောစောဌေး (လောင်းချောင်း) တို့ ၀င်ရောက်ယှဉ်ပြိုင်ကြရာ ဦးသန်းနိုင်က အနိုင်ရရှိသွားခဲ့သည်။
အလားတူ ပုဏ္ဍားကျွန်းမြို့နယ်တွင်လည်း မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသား ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ နေရာကို ရွေးချယ်ခဲ့ကြရာ ပြည်သူ့ လွှတ်တော်တွင် လက်ရှိ ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်သည် ပုဏ္ဍားကျွန်းမြို့နယ် ဥက္ကဋ္ဌ ဦးထွန်းမောင်အား ရှုံးနိမ့်ခဲ့သည်။
ပုဏ္ဍားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) နေရာအတွက် ပါတီ၏ ဘဏ္ဍာရေးမှူး ဦးစံကျော်လှ နှင့် ဦးလှရွှေတို့ ယှဉ်ပြိုင်ရာ ဦးစံကျော်လှ အနိုင်ရရှိသွားခဲ့သည်။
ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သူ (၅) ဦးရှိပြီး ၎င်းတို့မှာ ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး ဦးအောင်သန်းတင် (လက်ရှိ လွှတ်တော်ကိုယ်စားလှယ်) ၊ ဦးစံရွှေကျော်၊ ဦးအောင်လှသံ၊ ဦးနေလင်းနှင့် ဦးအောင်သန်းတို့  ယှဉ်ပြိုင်ကြရာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က အနိုင်ရရှိခဲ့သည်။
ရသေ့တောင်နှင့် ပုဏ္ဍားကျွန်း မြို့နယ် အတွက် အမျိုးသားလွှတ်တော်နေရာကို လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဦးခင်မောင်လတ် (ရသေ့တောင်)၊ ဦးစံသာကျော် (ရသေ့တောင်)နှင့် ဦးမောင်နှောင်း (ပုဏ္ဍားကျွန်း) တို့ ယှဉ်ပြိုင်ရာ ဦးခင်မောင်လတ် (ရသေ့တောင်)က အနိုင်ရရှိသည်။
မြောက်ဦးမြို့နယ်တွင်လည်း ရခိုင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပွဲကို မေလ ၂၃ ရက်နေ့က ကျင်းပရာ ပြည်သူ့လွှတ်တော်တွင် ပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဦးလှစောမှာ ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့သည်။
မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၁) တွင် ဦးထွန်းသာစိန်မှ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင်အား အနိုင်ရရှိသွားခဲ့သည်ဟု သိရသည်။
ပြည်နယ် လွှတ်တော် အမှတ် (၂) နေရာတွင် ဒေါ်မြမေ၊ ဦးကျော်သိန်း ( လက်ရှိ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်- အစိုးရ အဖွဲ့ဝင် ၀န်ကြီး)၊ ဦးကျော်ဝင်း တို့ ၀င်ရောက်ယှဉ်ပြိုင်ရာ ဦးကျော်ဝင်းမှာ အနိုင်ရရှိသွားခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်နေရာတွင် ဦးမြင့်လှိုင်၊ ဦးစောငြိမ်း၊ ဦးမောင်တင်ထွန်း၊ ဦးဘသောင်း၊ ဦးမောင်အေးစော၊ ဦးမောင်သောင်းစိန်တို့ ၀င်ရောက် ယှဉ်ပြိုင်ရာ ဦးမြင့်လှိုင်က အနိုင်ရရှိသွားသည်။
ပြည်သူ့လွှတ်တော်တွင် ဦးထွန်းလှကျော်နှင့် ဦးထွန်းဝင်း (ဗျာလာခိုင်) တို့ ယှဉ်ပြိုင်ရာ ဦးထွန်းဝင်းက အနိုင်ရရှိသွားသည်။
ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် အတွက် အမှတ်(၁) နယ်မြေတွင် ဦးအေးမောင်၊ ဦးစောမောင်၊ ဦးထွန်းလှ၊ ဦးသိန်ထွန်း၊ ဦးမောင်လှကျော်တို့ ယှဉ်ပြိုင်ရာ ဦးမောင်လှကျော်က အနိုင်ရရှိသွားသည်။
ပြည်နယ် လွှတ်တော် အမှတ် (၂) နယ်မြေတွင် ဦးစောရွှေထွန်း၊ ဦးမောင်မောင်နှင့် ဦးဇော်ဝင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ရာ ဦးမောင်မောင်က အနိုင်ရရှိသွားသည်။
ယခုမြို့နယ် သုံးခု ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ် တင်မြောက်ပွဲတွင် လက်ရှိ အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ငါးဦး ရှုံးနိမ့်ခဲ့ပြီး ယင်းတို့မှာ ပါတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးထွန်းအောင်ကျော်၊ ဦးလှမောင်သိန်း (ရသေ့တောင်) နှင့် လက်ရှိ ပြည်နယ် ၀န်ကြီး ဦးကျော်သိန်း (မြောက်ဦး) ၊ ဦးထွန်းလိုင်( မြောက်ဦး)၊ ဦးစောငြိမ်း (ကျေက်တော်) တို့ ဖြစ်ကြသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate