Monday, 1 June 2015

တရုတ် CNPC စပိဘုတ်တိုက်၍ မဒဲကျွန်းတွင် ငါးဖမ်းစက်လှေ တစ်စီးနစ်မြုပ်

မဒဲကျွန်းဆိပ်ကမ်းမှ ဒေသခံငါးဖမ်းသမားများ ( ဓာတ်ပုံ- နိရဉ္စရာ)

ကျော်ဝင်း (ကျောက်ဖြူ)
ဇွန်လ ၁
မဒဲကျွန်းဆိပ်ကမ်းမှ ဒေသခံငါးဖမ်းသမားများ ( ဓာတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်း ရေနက် ဆိပ်ကမ်းတွင် ဘီယာမူးနေသည်ဟု ယူဆရသော CNPC တရုတ် ကုမ္ပဏီ ၀န်ထမ်းအချို့ မောင်းနှင်လာသော စပိဘုတ်တစ်စီးက ဒေသခံ  ငါးဖမ်းစက်လှေ တစ်စီးကို ၀င်တိုက်ရာ ငါးဖမ်းစက်လှေမှာ ထက်ပိုင်းပြတ်ပြီး နစ်မြုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။
ငါးဖမ်းစက်လှေတွင် ပါလာသူ  ဒေသခံ နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်ဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက် ခဲ့သည်ဟု သိရသည်။
“ ကျနော်တို့ ငါးဖမ်းစက်လှေကို တရုတ် CNPC ကုမ္ပဏီပိုင် စပိဘုတ်က အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်သွားတယ်။ စပိဘုတ်မောင်းတဲ့ လူရဲ့ လက်ထဲမှာ ဘီယာပုလင်းကို ကိုင်လို့ မြင်လိုက်တယ်။ ကံကောင်းလို့ မသေတာလို့ ဆိုရမယ်။ လှေအပိုင်းနဲ့ စက်ကတော့ ရေထဲသို့ နစ်မြုပ်သွားတယ်” ဟု  အသက်ဘေးမှ လွတ်မြောက်လာသူ ငါးဖမ်း စက်လှေပေါ်တွင်ပါဝင်သူတစ်ဦးဖြစ်သည့် မဒဲကျွန်းဒေသခံ ဦးမောင်မြဝေ ကပြောသည်။

ယင်းဖြစ်ရပ်မှာ မဒဲကျွန်းအောက် သံစိုက်မြစ်တွင် မေလ ၃၁ရက်နေ့  ညနေ ၅နာရီ၁၀  မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ငါးဖမ်းစက်လှေကို အလယ်က ၀င် တိုက်ခဲ့သဖြင့် တမင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ပုံ ရသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ တရုတ်ဝန်ထမ်းများ၏ လုပ်ရပ် အပေါ် ဝေဖန် ပြောကြားနိုင်ခြင်း မရှိဟု ဒေသခံက ပြောဆိုသည်။
မဒဲကျွန်းရွာမရွာမှ ဒေသခံ အမျိုးသမီးကြီး တစ်ဦး (ဓာတ်ပုံ- နိရဉ္စရာ)
မဒဲကျွန်းရွာမရွာမှ ဒေသခံ အမျိုးသမီးကြီး တစ်ဦး (ဓာတ်ပုံ- နိရဉ္စရာ)
ငါးဖမ်းစက်လှေသည် ကျော့ပိုက်ဖေါ်ရန်အတွက် ညနေ ၃နာရီကျော်ခန့်တွင် ရွာမှထွက်လာပြီး ညနေ ၅နာရီ ၁၀မိနစ်ခန့်တွင် CNPC ကုမ္ပဏီပိုင် စပိဘုတ်ဝင်၏ ၀င်တိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။
ဖြစ်ရပ်ကြောင့် ဒေသခံများ အကြား မကျေပ်မှုများ တိုးပွားလာသဖြင့် ယင်းနေ့ ညနေ ၇ နာရီခန့််တွင် မဒဲကျွန်း ရဲစခန်းတွင် ငါးဖမ်းစက်လှေပိုင်ရှင်အား  CNPC ကုမ္ပဏီက ကျပ်ငွေ ၁၂ သိန်း လျော်ကြေးပေးခဲ့ကြောင်း သိရသည်။
မဒဲကျွန်းရဲစခန်းသို့ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
မဒဲကျွန်းဒေသခံများသည် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းနောက်ပိုင်းတွင် သွားရလာရနှင့် လုပ်ကိုင်စားသောက်ရန်ခက်ခဲလာနေကြောင်းဒေသခံများက ပြောသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate