Friday, 12 June 2015

ANP ပါတီ မာန်အောင်၊ မင်းပြား၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲ လွှတ်တော်ကိုယ်စားလှယ်များ အနိုင်အရှုံးစာရင်း

ANP-Headquarters-Sittwe

ဇွန် ၁၁
ရုံးဖွင့်ပွဲ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ မခိုင်ခိုင်ဇံ)
ရခိုင်အမျိုးသားပါတီ ( Arakan National Party- ANP) မှ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အတွက် ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်နေရာ  မာန်အောင်၊ မင်းပြား၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲမြို့နယ်တို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
မာန်အောင်မြို့နယ်တွင် ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပွဲကို ဇွန်လ ၁၀ ရက်နေ့က ကျင်းပ ပြုလုပ်ရာ ပြည်သူ့လွှတ်တော်နေရာတွင်  ဦးသန်းမောင်မှ ပြိုင်ဘက် ဦးတင်လတ်နှင့် ဦးထွန်းရွှေတို့အား အနိုင်ရရှိသွားခဲ့သည်။
မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာတွင် ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ဦးတင်ရွှေတို့ ယှဉ်ပြိုင်ရာ ဒေါက်တာအေးမောင်က ၄၅ မဲ၊ ၄ မဲဖြင့် အနိုင်ရရှိသည်။

မာန်အောင်မြို့နယ် အမှတ် (၁) နေရာတွင် ပြသနာ ဖြစ်ပေါ်နေသဖြင့် ယာယီ ဆိုင်းငံ့ထားကြောင်း ရွေးချယ်ရေး ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင် ဦးတက်ထွန်းအောင်က ပြောသည်။
မာန်အောင်မြို့နယ် အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား ကျောက်ဖြူမြို့နယ် နှင့် ပေါင်းရွေးချယ်ရမည် ဖြစ်ကြောင်း၊ မာန်အောင်နှင့် ကျောက်ဖြူမြို့နယ် အတွက် ကိုယ်စားလှယ် လေးဦး ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းကိုယ်စားလှယ် လေးဦးမှာ ဦးကျော်သန်း၊ ဦးအုံးတင်၊ ဦးအေးစံနှင့် ဦးအောင်သန်းတို့ ဖြစ်ကြသည်။
ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်များကို ဇွန်လ ၁၀ ရက်နေ့က ရွေးချယ်ရာ အမျိုးသားလွှတ်တော်တွင် ၀ါရင့် နိုင်ငံရေး သမား ဦးအေးသာအောင်မှ ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့သည်ဟု ဦးသိန်းဇံ (မင်းပြား) က ပြောဆိုသည်။
ပြည်သူ့လွှတ်တော်တွင် ယှဉ်ပြိုင်ရန်စာရင်းသွင်းထားသူ လေး ဦးရှိပြီး ထိုအထဲမှ  ဦးစစ်နိုင်က အနိုင်ရရှိသွားခဲ့သည်။ ဦးအောင်သန်း ( Public Center) မှာ ရှုံးနိမ့်ခဲ့ပြီး ဦးစံလှကျော်၊ ဦးမောင်သိန်းဦးတို့မှာ ရွေးချယ်တင်မြောက်ပွဲသို့ ရောက်ရှိခဲ့ခြင်း မရှိဟု သိရသည်။
ပြည်နယ်လွှတ်တော် အမှတ် (၁) နေရာတွင် ဦးလှသိန်းအောင်၊ ဦးမျိုးမင်းအောင်၊ ဦးကိုကိုနှင့် ဦးငပုအောင်(ခ) ဦးမောင်ကျော်ဇံ (လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)တို့ ယှဉ်ပြိုင်ရာ ဦးလှသိန်းအောင်က အနိုင် ရရှိသွားခဲ့သည်။
ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာတွင် ဦးထွန်းလင်း(ခ) ဦးသာကျော် ( လက်ရှိ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်)၊ ဦးအောင်ကျော်ထွန်း၊ ဦးလှအောင်ညွှန့်တို့ ယှဉ်ပြိုင်ရာ ဦးလှအောင်ညွှန့်က အနိုင် ရရှိသွားခဲ့ကြောင်း သိရှိရသည်။
အမ်းမြို့နယ်တွင် ရွေးချယ်ပွဲကို ကျင်းပရာ အမျိုးသားလွှတ်တော်တွင် ဒေါ်ထုမေ က ဦးခိုင်ကျော်မိုး အားလည်းကောင်း အနိုင်ရရှိသွားခဲ့သည်။  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်သန်းလှိုင်ကို ယှဉ်ပြိုင်ဘက် မရှိ ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။
ပြည်နယ် လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်တွင် ဒေါ်သွယ်သွယ်စိုးနဲ့ ဒေါ်ခင်စန်းလွှင်တို့ ၀င်ရောက် ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားသော်လည်း လုပ်ထုံးလုပ်နည်းနှင် မကိုက်ညီသဖြင့် ယင်းမဲဆန္ဒနယ်မြေအား ယာယီဆိုင်းငံ့ထားကြောင်း ဦးဇော်မင်းက ပြောကြားသည်။
ဆိုင်းငံထားရခြင်းမှာ လွှတ်တော်ကိုယ်စားလောင်းအဖြစ် အမည်တင်သွင်းထားသူ ဒေါ်သွယ်သွယ်စိုးမှာ ကျပ် ၅ သိန်းကို မသွင်းသေးသလို နောက်တစ်ဦးဖြစ်သူ ဒေါ်ခင်စန်းလွှင်မှာလည်း ပါတီစည်းကမ်းကို ဖောက်ဖျက်ထား၍ ဖြစ်ကြောင်း အမ်းမြို့နယ် ပါတီရုံးမှ သူက ဆက်လက် ပြောသည်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ်လောင်းအတွက် ဦးခင်မောင်ဌေးနှင့် ဒေါ်ခင်လှရီတို့ ယှဉ်ပြိုင် အရွေးခံခဲ့ရာ ၉၄ မဲ ၄၈ မဲဖြင့် ဦးခင်မောင်ဌေးကအနိုင်ရခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ  အမ်းမြို့နယ် အတွင်းရေးမှူး (၂) ဦးဇော်မင်း ပြောသည်။
တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော်နေရာကို သံတွဲနှင့် ဂွမြို့နယ်  (၃) ခုအတွက် တစ်နေရာ ရှိရာ ယင်းနေရာကို ဂွမြို့နယ်မှ ဦးတင်ညိုက ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ ပြည်သူ့ လွှတ်တော်နေရာအား ဦးမျိုးဆွေမှ ပြိုင်ဘက် မရှိ အနိုင်ရရှိခဲ့ပြီး ပြည်နယ် လွှတ်တော် အမှတ် (၂) နေရာတွင် ဦးခင်မောင်က လည်းကောင်း၊  အမှတ် (၁) နေရာကို ဦးဖေကြွယ် လည်းကောင်း ဆက်လက်
အနိုင်ရရှိသွားခဲ့သည်။
ရမ်းဗြဲမြို့နယ်တွင် ပြည်သူ့ လွှတ်တော်နေရာတွင် ဦးကျော်ရွှေ က အနိုင်ရရှိသွားခဲ့သည်။
ပြည်နယ် လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ဦးကျော်လွှင်မှလည်းကောင်း၊ ပြည်နယ် လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မြေတွင် ဦးသန်းမောင်ဦးကလည်းကောင်း အနိုင်ရရှိသွားခဲ့သည်။
မထုမေမှာ အမျိုးသားလွှတ်တော် နေရာတွင် ရမ်းဗြဲမြို့နယ်တွင် ဆက်လက် အနိုင်ရရှိခဲ့သည်ဟု သတင်းရရှိသည်။
( စံမောင်သန်းမှ  အမ်း၊ မင်းပြားမြို့နယ်များအတွက် စုစည်းသည်။)

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate