Friday, 12 June 2015

မိုးကုတ် ရေပူကျောင်းဆရာတော်အား လူဝတ်လဲ ဖမ်းဆီးမှု မိုးကုတ်မြို့ခံ ၅၀၀၀ခန့် ဆုတောင်းပွဲလုပ် ။

မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် ဦးဣိန္ဒအား တရားမဝင် ကျောက်မျက်တူးဖော်မှု
နှင့် စွပ်စွဲကာ ဇွန်လ ၉ ရက် ည ၁၀ နာရီခန့်က လူဝတ်လဲဖမ်းဆီးခဲ့ရ၍ ဆရာတော်
ပြန်လည်လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ ဒေသခံ ၅၀၀၀ ခန့်က ဆုတောင်းပွဲ
ကျင်းပခဲ့ကြသည်။

ယင်းဆုတောင်းပွဲအား သံဃာများ နှင့် မိုးကုတ်မြို့ရှိ အသင်းအဖွဲ့များဖြစ်သည့် မိုးကုတ်
ဒေသယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ မြတ်စေတနာ လူမှုကူညီရေးအဖွဲ့ စိမ်းလမ်းမိုးကုတ်အဖွဲ့ နှင့် မိုးကုတ်မြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း စသည့်အဖွဲ့တို့အပြင် အသင်းအဖွဲ့ ၂၀ ခန့်ပါဝင်ခဲ့ပြီး မိုးကုတ်မြို့ရှိ ချမ်းသာကြီးဘုရား ရင်ပြင်တွင် ပြုလုပ်ခဲ့ကြသည်။
"ဆရာတော် ပြန်လည်လွတ်မြောက်ဖို့အတွက် ဆုတောင်းတာဖြစ်တယ်။ ဆရာတော်
က မိုးကုတ်မြို့အတွက် လုပ်ဆောင်ခဲ့တာတွေ အများရှိတော့ ဆရာတော်ကို ချစ်ခင်
လေးစားပြီးသားဖြစ်တယ်။ ဆရာတော်ကို အခြေအမြစ်မရှိတဲ့ တိုင်စာတစ်စောင်
ကြောင့် လူဝတ်လဲပြီး အချုပ်ထဲ ထည့်ထားတာ ဗုဒ္ဓဘာသာအတွက် မကောင်းဘူး"
ဟု မိုးကုတ်မြို့ ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးစိုးဌေးက ပြော
သည်။

ရေပူဆရာတော်အား တရားမဝင်ကျောက်မျက်တူးဖော်မှုသည့်အတွက် ပုဒ်မ ၁၄(က)
(ခ) နဲ့ လူဝတ်လဲ၍ မိုးကုတ်မြို့မရဲစခန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ရေပူဆရာတော်
သည် မိုးကုတ်မြို့တွင် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအား ဦးဆောင်လှုပ်ရှား
ခဲ့သည့်အပြင် မိုးကုတ်မြို့၏ အထင်ကရ မိုးကုတ်အင်း ပြန်လည်တူးဖေါ်သန့်ရှင်း
စေရန်နှင့် အဆိုပါအင်းအတွင်း အဆောက်အဦးများ တည်ဆောက်နေမှုများအား ဦးဆောင်ကန့်ကွက်ခဲ့သည်။

ဆရာတော်လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ဒေသခံများက တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ပြီး ဖမ်းဆီးခဲ့သူများအား အရေးယူပေးရန် နိုင်ငံတော်
အဆင့်အထိ တိုင်ကြားသွားမည်ဟု မိုးကုတ်မြို့မျက်နှာဖုံးများနှင့် ရပ်မိရပ်ဖများ
ကဆိုသည်။

မိုးကုတ်မြို့၏ ရပ်မိရပ်ဖ ဦးယောဟန်က "ကျွန်တော်တို့ တစ်မြို့လုံးတစ်နယ်လုံးက လက်မခံပါဘူး။ ဒါဟာ မိုးကုတ်မြို့ကို စိန်ခေါ်လိုက်တာပဲ။ဆရာတော်အကြောင်းကို လူတိုင်းသိတယ်။ ဒါကြောင့် ဒီလောက်အများကြီး လမ်းပေါ်ထွက်လာတာပေါ့။"ဟု မဇ္ဈိမကို ပြောသည်။

ယနေ့ဆုတောင်းချီတက်ပွဲကို မိုးကုတ်မြို့ရှိ သံဃာတော်များ၊ မြို့မျက်နှာဖုံးများ၊
ရပ်မိရပ်ဖများ နှင့် မြို့ခံများက တစ်မြို့လုံးနီးပါး ထွက်ကာ ဆန္ဒပြခဲ့သည်ဟု
လည်း ဒေသခံများကဆိုသည်။ ယင်းအပြင် ခွင့်ပြုချက် ယူခြင်းလည်းမရှိဟု
ဆုတောင်းပွဲတွင် ပါသည့် ကိုစိုင်းက ပြောသည်။မိုးကုတ်ရဲစခန်းအား မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်း မရှိပေ။

သတင်း-အောင်ကိုဦး(မဇ္ဈိမ)
ဓါတ်ပုံ-စိုးမင်းလှိုင်

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate