Wednesday, 17 June 2015

မြန်မာနယ်စပ် နတ်မြစ်တွင် ပစ်ခတ်မှု ဖြစ်၍ ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင် တစ်ဦး ဦးဒဏ်ရာရ

ဒဏ်ရာ ရ ဘင်္ဂလာ စစ်သားကို ဆေးရုံတင်ရန် ယူဆောင်လာစဉ် ( Photo- Bdnews24)

ရန်ကုန်၊ ဇွန် ၁၇
ဒဏ်ရာ ရ ဘင်္ဂလာ စစ်သားကို ဆေးရုံတင်ရန် ယူဆောင်လာစဉ် ( Photo- Bdnews24)
မြန်မာနယ်စပ်အနီး တက်ကနက်မြို့နယ် နတ်မြစ်အတွင်း မြန်မာဘက်က ပစ်ခတ်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်  တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ်က သတင်း ရရှိသည်။
ဒဏ်ရာ ရရှိသူမှာ ဘီပေါ့ ( Bilpob) (၂၁) နှစ်ဖြစ်ကြောင်း သိရပြီး ကော့စ်ဘဇား (ဖလောင်းချိတ်) ဆေးရုံကို တင်ထားရသည်ဟု BDnews24.com တွင်ဖော်ပြထားသည်။
မြန်မာဘက်ကဟု သတင်းတွင် ဖော်ပြထားသော်လည်း အဖွဲ့အစည်းအမည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။
ကော့စ်ဘဇား ခရိုင်ဆေးရုံကြီး အရေးပေါ် ဌာနမှ ဒေါက်တာ နိုဘယ် ဘရ၀ါ မှ ၎င်းစစ်သားကို ယနေ့ နံနက် ၉ နာရီက ဆေးရုံတင်လာခဲ့သည်ဟု အတည်ပြု ပြောကြားသည်ဟု ယင်းသတင်းတွင် ဖော်ပြသည်။
ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိများမှ ယင်းသတင်း ဖြစ်ပွားကို
ကြားသိရကြောင်း ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ဒေသခံများ အပြောအရ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ ၏ ကင်းလှည့်နေသော ရေယာဉ်မှာ ယနေ့ နံနက် အစောကြီးက တိုက်ခိုက်ခံခဲ့ရပြီး အတည်ပြုချက် မရနိုင်သေးသော သတင်းအရ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ တစ်ဦး ဖမ်းဆီး ခေါ်ဆောင်ခံရသည်ဟု သတင်း ဖြစ်ပေါ်နေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate