Saturday, 13 June 2015

ဒေါက်တာအေးမောင်ကို ဆန္ဒပြဖို့ ခွင့်ပြုချက် လျှောက်ထား

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ Photo: Myo thant Khaing/RFA
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ကနေ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာ အေးမောင်ကို ဒေသခံ ပါတီဝင်တွေက မကျေနပ်တာကြောင့် လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ဆန္ဒပြဖို့ ဒီနေ့ ခွင့်ပြုချက် တင်လိုက်ပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကို မြို့ခံတွေထဲက လူတွေကိုသာ ဝင်ရောက်ယှဉ်ပြိုင်စေလိုတာကြောင့် ဆန္ဒပြမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ကို ရှုံးနိမ့်သွားခဲ့တဲ့ မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောပါတယ်။
"ကျနော်တို့ ၁၇ ရက်နေ့ပြဖို့အတွက် တင်လိုက်တယ်၊ စီစဉ်လိုက်တော့ လွှတ်တော်က ဒေါက်တာ အေးမောင်က ဝင်ပြီးရင် သူကလုပ်တယ်လေ၊ အဲ့ဒီဟာကို ပြည်သူတွေကလည်း ပါတီဝင်တွေကလည်း မကျေနပ်ဘူးပေါ့နော် ၊ ဒေသခံရှိရဲ့သားနဲ့ ဒေသခံမဟုတ်ပဲနဲ့ တစ်ဘက်မြို့နယ်က လာပြီးရင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူကမကျေနပ်လို့ တင်တာပါ"

မာန်အောင်မြို့နယ်မှာ ANP ပါတီတွင်း ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အမှတ် ၂ မဲဆန္ဒနယ်အတွက် ဒေါက်တာအေးမောင်နဲ့ ဗဟိုကော်မတီဝင် ဦးတင်ရွှေတို့ ဝင်ရောက်ရွေးချယ်ခံရာ မှာ ဒေါက်တာအေးမောင်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပါတီတွင်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဦးတင်ရွှေ ဦးဆောင်ပြီး မြို့ပေါ်မှာရှိတဲ့ ရခိုင်အမျိုးသား ပါတီဝင်တွေအပြင် ကျီးညို၊ မင်းပြင်၊ ပုံးဆိုးကြီးစတဲ့ ကျေးရွာတွေက ဒေသခံ၂ဝဝ လောက် ပါဝင်မယ်လို့လည်း သိရပါတယ်။

အဲ့ဒီလို ကန့်ကွက်မှုနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာတော့ သူ့အပေါ်ကန့်ကွက်သူနဲ့ ထောက်ခံသူတွေ ဒွန်တွဲရှိနေနိုင်တာကြောင့် ဒီကိစ္စအပေါ် အထူးတလည်ဖြေရှင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေါက်တာအေးမောင်ဟာ ရသေ့တောင်မြို့ဇာတိဖြစ်ပြီး လက်ရှိစစ်တွေမြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံထားရသူဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate