Friday, 12 June 2015

ကိုးကန့်တပ်ဖွဲ့ တစ်ဖက်သတ်စစ်ရပ်စဲ

တရုတ်အစိုးရ၏ ပြင်းပြသည့်တောင်းဆိုမှုနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်းပြသည့်ဆန္ဒများကို တုံ့ပြန်ရန် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က တစ်ဖက်သတ်စစ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ဇွန်လ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံအစိုးရမှ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြင်းပြသည့်တောင်းဆိုမှု၊ မြန်မာနိုင်ငံပြည်သူများ ဒီမိုကရေစီဖြစ်စဉ်နှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်းပြသည့် ဆန္ဒများကို တုံ့ပြန်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်ရေးကော်မတီမှ တစ်ဖက်သတ်စစ်ရပ်စဲရန် ဆုံးဖြတ်ပြီး မိမိကိုယ်ကိုယ် ကာကွယ်သည့် အခွင့်အရေးကို ဆက်လက် ဆုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
MNDAA တပ်တံဆိပ်ခတ်နှိပ်ထားသည့် အဆိုပါကြေညာချက်အရ ယခုဆုံးဖြတ်ချက်မှာ ဇွန်လ ၁၀ ရက်ည ၁၂း၀၀ နာရီအချိန်မှစ၍ အကျုံးဝင်သည်ဟုဖော်ပြထားသည်။


ယခုနှစ်ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့သော ကိုးကန့်တိုက်ပွဲကြောင့် မြန်မာ့တပ်မတော်မှ အရာရှိအပါအဝင် စစ်သည်တစ်ရာကျော်ကျဆုံးပြီး ကိုးကန့်တစ်ဖက်မှလည်း အနည်းဆုံး ၅၀ ဦးခန့် ကျဆုံးခဲ့ သည်။
ယခုကြေညာချက် ထွက်ရှိချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေချိန်ဖြစ်သည်။
http://7daydaily.com/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate