Wednesday, 3 June 2015

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ယာဉ်လိုင်းများ ယာဉ်စီးခပိုတောင်းခံမှု ပိုမိုရဲတင်းလာ

ရန်ကုန် ဇွန် ၂
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ၅ဝ ကျပ်နှင့် ၁ဝဝ ကျပ်တန် ဘတ်စ်ကား အများစုမှာ ဘတ်စ်ကားခကို နှစ်ဆပိုမို တောင်းခံမှုများရှိနေကြောင်း ခရီးသွားများက ပြောသည်။
မထသမှ သတ်မှတ်ထားသော ခရီးစဉ်အပိုင်းဖြတ် သတ်မှတ်ဈေးနှုန်း အတိုင်းမဟုတ်ဘဲ ယာဉ်နောက်လိုက် များက ကျပ် ၅ဝ ခရီးကို ကျပ် ၁ဝဝ၊ ကျပ် ၁ဝဝ ခရီးကို ကျပ် ၂ဝဝ ဖြင့် ၎င်းတို့ စိတ်ကြိုက်ယာဉ်စီးခများ ကို တောင်းခံနေကြောင်း နေ့စဉ်ခရီးသွားများက ပြောသည်။
ပုံမှန်ဈေးဆိုပါက (၅၇)ယာဉ်လိုင်းစီးလျှင် ကျုံးကြီးမှ ဆူးလေ ကျပ် ၅ဝ၊ ဆူးလေမှဂန္ဒီ ကျပ် ၅ဝ ဖြစ်ရမည့်အစား ကျုံးကြီးမှ ပန်းဆိုးတန်း ကျပ် ၁ဝဝ၊ ပန်းဆိုးတန်းကျော်လျှင် ကျပ် ၂ဝဝ တောင်းကြကြောင်း၊ သက်ကြီးရွယ်
အိုများကို လည်း မချေမငံပြောဆိုပြီး တောင်းကြောင်း၊ ယခင်က လသာမှ ဖြတ်ကွေ့တတ်သည့် (၅၇) ယာဉ်လိုင်း အချို့သည် လိုင်းပိတ်ခံရမည့် စည်းကမ်းချက်ကြောင့် လသာမှ ဖြတ်ကွေ့ခြင်းမရှိတော့ကြောင်း၊ ယခုလည်း ယင်းကဲ့သို့ ထိရောက်ပြင်းထန်သည့် စည်းကမ်းများဖြင့် တင်းကျပ်မှ သာ ယာဉ်စီးခ ပိုမိုတောင်း ခံခြင်းကို တားမြစ်နိုင်မည်ဖြစ် ကြောင်း (၅၇)ယာဉ်လိုင်းကို နေ့စဉ် စီးနေရသူ ဝန်ထမ်း တစ်ဦးကပြောသည်။
”ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ အထူးလိုင်းမဟုတ်တဲ့ ယာဉ်လိုင်းတော်တော် များများက ယာဉ်စီးခပိုတောင်းနေ ကြတယ်။ သူတို့က တစ်မှတ်တိုင်၊ နှစ်မှတ် တိုင်စီးလည်း ငွေကျပ် ၁ဝဝ တောင်းတာပဲ။ ကျပ် ၅ဝ ပေးစီးလို့မရဘူး။ ကျပ် ၂ဝဝ တန်ခရီးကိုလည်း ကျပ် ၃ဝဝ တောင်းတယ်။ တချို့ဆို ကျပ် ၃ဝဝ မပေးနိုင်လို့ပြန်ပြောတော့ ယာဉ် နောက်လိုက်က ကားကို ရပ်ခိုင်းပြီး ရောက် တဲ့နေရာမှာ ခရီးသည်ကို ဆင်းခိုင်းတယ်။ ဒီအပြုအမူကို တိုင်တန်းဖို့ဆို တာလည်း သူတို့မလုပ်နိုင်ကြဘူး။ နောက် ကားကို ဂိတ်ဆုံး ထိမသွားဘဲ ဂတ်(စ်)ဖြည့်ဖို့၊ ကားပြင်ဖို့တို့ကို အကြောင်းပြပြီး ခရီးသည်တွေကို ခရီးမဆုံးခင်ဆင်း ခိုင်းတာတွေလည်းရှိတယ်။ ကျေနပ်မှု မရှိရင်တိုင်တန်းပါဆို လို့ ကားမှာ ရေးထားတဲ့ နံပါတ်တွေကိုဆက်တော့ ဒါက သူတို့နဲ့မဆိုင်လို့ တခြား နံပါတ်ကို ဆက်ပါဆိုပြီးလွှဲတယ်။ အဲဒီလိုပဲ ဟိုလွှဲဒီလွှဲနဲ့ နောက်ဆုံး ဖုန်းဘေလ် ကုန်တာပဲ အဖတ်တင် သွားတယ်” ဟုနေ့စဉ် လှိုင်သာယာ မှ မြို့ထဲသို့ လာရောက်အ လုပ်လုပ်ကိုင်နေ သူတစ်ဦးက ပြောသည်။
ယင်းသို့ဖြစ်နေရခြင်းမှာ ပြည်သူ များအတွက်လည်း တိုင်တန်းနိုင် သော Hotline သီးသန့်မရှိခြင်း၊ ထိရောက်သောပြစ်ဒဏ်များ မချ မှတ်ခြင်း၊ ၅၄၁၉ဝ၅၊ ၂၉၁၂၈၄၊ ၂၉၁၂၈၅ စသည့် ဖုန်းနံပါတ်များသို့ တိုင်ကြားလျှင် လည်း ထိရောက်မှု မရှိခြင်းတို့ကြောင့် ယာဉ်နောက်လိုက်များ ပိုမိုရဲတင်း လာခြင်းဖြစ် ကြောင်း လေ့လာသူများကသုံးသပ်သည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate