ရှမ်းတိုင်းရင်းသားတို့ အမြတ်တနိုး တန်ဖိုးထားစားသုံးသော ပဲပုပ်စိုက်ပျိုး ၀င်ငွေတိုး
ရမ်းပြည်နယ်
(မြောက်ပိုင်း) သီပေါမြို့နယ်တွင် မှီတင်းနေထိုင် ကြသော
ဒေသခံရှမ်းတိုင်းရင်းသား များ၏ အဓိက အသက်မွေး ဝမ်း ကျောင်းလုပ်ငန်းမှာ
လယ်ယာစိုက်ပျိုး ရေးနှင့် ခြံလုပ်ငန်း လုပ်ကိုင်ခြင်း ဖြစ်သည်။
တောင်သူလယ်သမား များမှာ လယ်ယာလုပ်ငန်းပြီးစီးချိန် တွင် နားနေခြင်းမရှိဘဲ
ခြံလုပ်ငန်း ဆီသို့ ဦးတည်လှုပ်ရှားရပြန်သည်။
စပါးရိတ်သိမ်း နယ်လှေ့ပြီး လျှင်
အပိုဝင်ငွေရရှိရေးအတွက် ပဲ ပုပ်သီးနှံစိုက်ပျိုးရန် တာစူကြရသည်။
ရှမ်းတိုင်း ရင်းသားများသည် ပဲပုပ် ကို အမြတ်တနိုးတန်ဖိုးထားကာ
စားသုံးကြသည်။ ထမင်းဝိုင်းတွင် မည်သည့် ဟင်းလျာမရှိစေကာမူ ပဲပုပ်
ထောင်းတစ်ခွက်ရှိရုံနှင့်ပင် စားသုံး နိုင်ကြပေသည်။
မြန်မာနိုင်ငံတွင် ပဲပုပ်အမြောက် အမြား
စိုက်ပျိုးသော ဒေသများမှာ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ မုံရွာ
ကျောက်ဆည်နှင့် စစ်ကိုင်းတို့ဖြစ် ပြီး တောင်ပေါ်ဒေသများမှာလည်း ပဲပုပ်ကို
အဓိကထား၍ စိုက်ပျိုးကြ သည်။ အောက်မြန်မာနိုင်ငံတွင် ဟင်္သာတ၊ သာယာဝတီ၊
ပြည်နှင့် မအူပင်တို့တွင်လည်း စိုက်ပျိုးကြ ကြောင်း သိရသည်။
ပဲပုပ်ပင်သည် ပင်စည်တည့်မတ် လျက်
အကိုင်းအခက်များ ဖြာထွက် ပြီး သီးပွင့်ကြသည်။ အရွက်နှင့် အသီးများ ပေါ်တွင်
နူးညံ့သော အမွေးတိုကလေးများ ဖုံးအုပ်လျက် ရှိသည်။ အခွံရောင်မှာ
တစ်မျိုးနှင့် တစ်မျိုးမတူဘဲ အဝါရောင် အနု အရင့်၊ အစိမ်းရောင်နှင့်
အညိုရောင် အနက်အစင်းပါသော အရောင်များ ဖြစ်သည်။ အချို့ ပဲပုပ်မျိုးသည်
အရောင်နှစ်မျိုးစပ်နေသည်များလည်း ရှိသည်။
ပဲပုပ်စေ့၏ အဆင်းသဏ္ဌာန်မှာ လုံးပြားပြားဖြစ်၍
အသီးများရင့်မှည့် လာချိန်တွင် အရွက်များရောကာ ကြွေကျ သွားသည်။
ပဲပုပ်ပင်သည် မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင် သော
သီးနှံပင်မျိုးဖြစ်သည်။ အထူး သဖြင့် သဲနုန်းမြေနှင့် မြေပွများတွင်
ပိုမိုဖြစ်ထွန်းသည်။ တစ်နှစ်ပတ်လုံး မိုးရေချိန်လက်မ ၄ဝမှ ၅ဝ ရွာသွန်း သည့်
ဒေသမျိုး တွင် ဖြစ်ထွန်းသည်။ ပဲပုပ်ကိုစိုက်ပျိုးသဖြင့် မြေသြဇာ
ဆီကုန်ခန်းမသွားသည့်အပြင် အသီး များရင့် မှည့်လာ၍ ကြွေကျသွားသော အရွက်များက
သစ်ဆွေးဓာတ် ကို ဖြစ်စေ၍ မြေဆီပြန်လည်ဖြည့်ဆည်း ပေးသ ကဲ့သို့ ဖြစ်သည်။
ပဲပုပ်ကို ပေါင်းမြက်ကင်းစင်၍ မွနေအောင် ပြုပြင်ထားသောမြေတွင် စိုက်ပျိုးရ
သည်။ စိုက်ပျိုး မြေတစ်ဧက အတွက် မိုးမကျမီ သဘာဝမြေသြဇာ (နွားချေး) ၁၅
လှည်းခန့် ထည့်ပေးရသည်။ သို့မှ သာ ပဲပုပ် အထွက်နှုန်း ပိုမိုကောင်းမွန်
မည်ဖြစ်သည်။
ဦးစွာ ပထမပိုင်း မိုးရွာသွန်းပြီး လျှင်
ချထားသောသဘာဝမြေသြဇာ (နွားချေး)များ သမသွားအောင် ထယ်ရေးလိုက်ပြီးမှ
ပဲပုပ်ကို စိုက်ပျိုး နိုင်ပေသည်။ တောင်ပေါ်ဒေသများ တွင်
ပဲပုပ်စိုက်ပျိုးချိန်မှာ မတ်လ နောက်ဆုံးပတ်နှင့် ဧပြီလအတွင်း ဖြစ်သည်။
အပင်နုကလေးများ တစ်လမပြည့်မီ မိုးသည်းထန်စွာရွာ သွန်းလျှင် အပင်ကြီးထွားရေး
ထိခိုက် နိုင်သဖြင့် မိုးမကျမီ အပင်သန်ရန် လိုပေသည်။ စိုက်မြေတစ်ဧကလျှင်
ပဲပုပ်မျိုးစေ့ရှစ်ပြည်ခန့် ချပေးရန်လို ၍ တစ်ပင်နှင့်တစ်ပင် လေး လက်မ
နှင့် ခြောက်လက်မခန့်ခြားပြီး ညီညာ သေသပ်စွာ စိုက်ပျိုးရသည်။ နှစ်
လက်မခန့်ထက် ပို၍နက်အောင် မစိုက်ပျိုးသင့်ပေ။ မိုးရွာလျှင် မြေပိ ပြီး
မြေမာသွားသည့်အခါ ပျိုးပင် အညှောက်ကလေးများက မြေမာကို မထိုးဖောက်နိုင်
ဖြစ်သွားတတ်ပေ သည်။ ပဲပုပ်သီးနှံပင်ကလေးများသည် ငါးရက်မှ ခုနစ်ရက်အတွင်း
အပင် ပေါက်၍ ၁ဝ ရက်မှ ၁၅ ရက်အတွင်း ပေါင်းမြက်သင့်၍ မြေတောင်မြှောက်
ပေးရန်လိုသည်။
အပင်ပေါက်နှုန်း ကောင်းလျှင် နှစ်လပြည့်သောအခါ
ပန်းပွင့်လေသည်။ ပဲပုပ်သီး တစ် တောင့်လျှင် အစေ့သုံးစေ့မှ နှစ်စေ့ ရှိ၍
အသီးများဝါလာပါက မခြောက် သွေ့မီ ရိတ်သိမ်းရသည်။ ခြောက် သွေ့အောင် ထားလျှင်
ပေါက်ကွဲ၍ ပဲစေ့များ အလေအလွင့် ဖြစ်တတ် သည်။
အပင်လိုက်နုတ်သိမ်းပြီး အမိုး အကာအောက် တွင်
ခြောက်သွေ့ အောင် ထားပြီး နွားနှင့်သော်လည်း ကောင်း၊
စက်ဖြင့်သော်လည်းကောင်း၊ လက်ကိုင်တုတ်ဖြင့်သော် လည်း ကောင်း ခြွေရသည်။
ပဲပုပ်သီးနှံမှရသော ပဲနို့ကို ကလေးများအတွက်
အာဟာရအဖြစ် တိုက်ကျွေးကြသည်။ ပဲပုပ်တွင် ပါဝင် သည့်အသားဓာတ်မှာ ကြက်ဥထက်
သုံးဆ၊ အမဲသားထက် နှစ်ဆ၊ နွားနို့ ထက် ၁၁ ဆပိုသည်ဟု ဆိုကြသည်။ အဆီဓာတ်မှာ
အရိုးနှင့်သွားများကို ခိုင်မာစေ၍ ကိုယ်ခန္ဓာကြီးထွား သန်စွမ်း ထုံးဓာတ်လည်း
ပါဝင်သည့် အပြင် ဦးနှောက်အာရုံကြော၊ အသည်းနှလုံးနှင့် အစာအိမ်ကို
သန်စွမ်းစေသော ဗီတာမင်ဓာတ်များ ပါဝင်ကြောင်း သိရသည်။ အာဟာရ
ချို့တဲ့သူများအတွက် အလွန်အသုံး ဝင်သော အစားအစာဖြစ်၍ ပဲပုပ်ကို
အစဉ်အမြဲစားသုံးသူများသည် အစဉ် ကျန်းမာရေး ကောင်းမွန်လျက်ရှိ သဖြင့်
ရှမ်းပဲပုပ်မှ မဟုတ်ဘဲ တောင်ပေါ် မြေပြန့်မကျန် တိုင်းရင်း သားပြည်သူအားလုံး
ပဲပုပ်ကို နှစ် ခြိုက်စွာ စားသုံးနေကြပြီဖြစ်သည်။
ယခုအခါ တောင်သူများအနေ ဖြင့် ပဲပုပ်သီးနှံကို
နှစ်စဉ်တိုးချဲ့စိုက် ပျိုးလာကြ သည်နှင့်အမျှ အကျိုးဖြစ်
ထွန်းလျက်ရှိသည်ကို လေ့လာ ရေးသား တင်ပြအပ် ပါသည်။


0 comments:
Post a Comment