Wednesday, 3 June 2015

ချစ်လှစွာသော ရွာကလေး


ရွာကလေးဟာ
လယ်ယာမြေကျောပြု
ပင်လယ်နဲ့သွန်းထု
ယဉ်ကျေးမှုဖွေရှာ
ရခိုင့်ဝမ်းစာဗေဒ
ဒေသဈေးကွက်
ဒေါ်လာအေးစက်
ချွေးထွက်မနက်ဖန်
ဆားငန်ရေဂီတ
အဖျားသွေးမကျ
ရာသီနဲ့အတိတ်တမ
မုန်တိုင်းတွေရဲ့ကကြိုး
မုတ်သုန်နှိုးစက်
လှိုင်းဂယက် ကျောက်ဆောင်တွေစည်းချက်
မြစ်ပြင်မှာခရီးထွက်သွား
ကမ်းပါးကကညာပျို
တံငါကို ကဗျာတွေနဲ့ ကြိုပြီ။
အဲသလိုနဲ့
ကမ်းနား
ကမ်းပါးကရွာ
ကမ်းသာ“ဇင်ချောင်း”
လှေလောင်းရွက်အဖုံဖုံ
ပင်လယ်ဆေးရေးမှုန်သ
ရုန်းကြွအားမာန်
တိမ်ပြာပြာရောင်စုံလျှံပေါ့
မြောက်ပြန်လေနဲ့ ထွေးဖက်မလား
ချွေးစက်နှင့် ဈေးကွက်မှာ
မိတ်ဖက်က ထိပ်ကွက်တော့လည်း
စိတ်ပျက်ရပြန်ရော။

ပါလာသမျှ ပုဇွန်/ငါး
မာနမထားကြဘူး
အဝယ်ဒိုင်ချိန်ခွင်မျှားချက်
ပိုက်ကွန်တွေစိတ်နယ်လွန်ရော
အိပ်မက်နွံမှာ ကျိုးကြေ
ပင်လယ်လေအဝရှူ
ဘဝအပူဖော့သိပ်
တိတ်တဆိတ်ကြေကွဲ
တောအရက်နဲ့လက်တွဲ
အခက်အခဲတွေနဲ့
အသက်ကလေးတွေလည်း ရလာပြီ
ညပြာရီနံစော်
ကံကညှော်လိုက်တာ။

သြော်.....
ရွာကျောင်းကအပြန်
အဖေ့ထံ ငါးကူရောင်းရ
ငါး/ပုဇွန်ဈေးနှုန်းက
အကြွေးတွေနှင့် လူလုံးမလှ
ပင်လယ်လှိုင်းကတဖြောင်းဖြောင်း
ပင်လယ်လှိုင်းက တခွပ်ခွပ်၊ အဲဒီဗားဂရပ်အကြောင်း
ငါ့သားကောင်းကောင်းသိဖို့
အဘိဓမ္မာတစ်ချပ်
ရေးပြတတ်ဖို့လိုပြီ
ပညာရေးစုံညီမလား
မှုန်သီဝေဝါး
စိတ်အားငယ်ဖြစ်ရတယ်။

သြော်...
ရွာကလေးရယ်
ပိုက်ကွန်တွေနဲ့
ဂေဟမာန် တက်နိုင်မလား
ဆားငန်းရေအကြမ်းတခွက်
နေလောင်စား အသားပျက်
လှေထဲကို ဝင်လာတဲ့ရေကိုပက်ကြ
သောကအပူတွေထွက်မှပေါ့။

သြော်...
ရွာကလေးရယ်
ရမ်းဗြဲ့ကျွန်းက ရွာကလေးရယ်
ကမ်းရိုးတန်းအလှ
ဘယ်ခါများချမ်းမြေ့ပ
လမ်းတွေ့လိုကြည်အေး
အပူရာသီတွေဖဲခွါလေ
ဆူနာမီတွေဝေးပါစေ
တံငါတွေရဲ့ ချိုမြတေး
ပိုလှလို့...။

.........
ကိုထွေး (ဇင်ချောင်း)

(ဝန်ခံချက်၊  ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
မင်းဝသုန်
 

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate