Wednesday, 3 June 2015

ကျောက်ဖြူမြို့နယ် အဂင်းရွာက အစွေ

2.6.2015 (AGYO)
ထိုင်နိုင်ငံ မဲဆောက် မြို့ မယ်ပ (10)ရပ်ကွက်တွင် မြန်မာ ရွှေ့ပြောင်း ရခိုင်တိုင်းရင်းသားတစ်ဦးအား ထိုင်းအလုပ်ရှင်မှ မတရားနှိပ်စက်ကာ အလုပ်မှအပြီးပိုင် မောင်းထုပ်လိုက်သဖြင့် သွားစရာနေရာမရှိ လမ်းစရိတ်မရှိ ဖြစ်နေသဖြင့် ဒေသခံ တစ်ဦးမှ (AGYO) အားသတင်းပို့လာတဲ့ အတွက်ကြောင့် သွားရောက် မေးမြန်းရာ လုပ်ငန်းရှင်သည် သူ၏ အလုပ်သမား ဗမာလူမျိုးကို မတရား နှိပ်စက်နေသည်ကို တွေ့တဲ့ အတွက်ကြောင့် နောက်ပြီး သူက ဒီနယ်မှာ မကျွမ်းကျင်ဘူးလေ ဒါကို ကျနော်က သနားပြီ မြ၀တီဘက်ကမ်းကို လိုက်ပို့လိုက်ပါတယ်. သူ့ ကို လည်း လုပ်အားခမရှင်ပေးဘူး .. ကျနော် သူ့ကို လိုက်ပို့လို့ အပြန်မှာ သူဌေးက ကျနော့်ကို အခန်းထဲခေါ်ပြီး ထိုးပါတယ် နောက်ပြီး ဓါးနှောင့်နဲ့ ထုပါတယ် ဟု အရိုက်ခံရသူ ရခိုင် တိုင်ရင်းသားက (AGYO) ကိုပြောပါတယ် ....


 လည်ပင်းတွက် ဒါဏ်ရာ အနည်းငယ် မထင်သာသလောက်ရှိပြီး သူက အတွင်းနာနေတယ်လို့ပြောပါတယ် လက်မောင်းနဲ့ ကျောကုန်းတွေမှာပါ အရိုက်ခံထားရပြီး ဒါဏ်ရာကြောင့် ဖျားနေသည်ကို တွေ့ရပါတယ်..
 သည်အကြောင်းကို ကျနော်တို့ ထိုင်းနိုင်ငံ မဲဆောက် မှ ထိုင်းအလုပ်သမားရှေ့နေရုံး (LLC) နဲ့သို့ ယနေ့ 3.6.2015 မှာ သွားရောက် အမှု့ဖွင့်ရာ သက်သေ အထောက်အထားနှင့် သူ့အားရိုက်သူရဲ့ အမည် အတိအကျ နဲ့  ဘယ်နေရာဆိုတာကို မပြောပြနိုင်သည့်အတွက်ကြောင့် နောက်ပြီး ရခိုင်တိုင်ရင်သားဖြစ်သည် အတွက် ဘာသာစကား အခက်အခဲရှိနေသည် အတွက်ကြောင့် သူ့အား ထိုးနှက်သူ အလုပ်ရှင်အား တိုင်ချက်ဖွင့်သည်မှာ အောင်မြင်မှု မရခဲ့ပါ.......သို့ပေမဲ့ သူ့ရဲ့လုပ်အားခ ၁၀ ရက်ခရမည်ဖြစ်သည် တစ်နေ့ကို ၂၅၀ ဘတ်ဖြစ်သည်.. လုပ်အားခ မရသေးဖြင့် လုပ်အားခ တောင်ယူရန် ထိုင်း အလုပ်သမားရှေ့နေရုံး ဆ၀ါတီကန် ရုံးတွင် အကူညီတောင်းရန်သွားရောက်ပို့ဆောင်ခဲ့သည့် .. ထိုင်း အလုပ်သမားရှေ့နေရုံးသို့ ရောက်သည်နှင့် သွားတိုင်သူမှာ လုပ်အားခ ငွေစရင်းနဲ့ အထောက်အထားများ မရှိတာကတကြောင်း .. သူ့ရဲ့ အလုပ်ခေါင်းဆောင်းအား ဆ၀ါတီကန်ရုံးမှ ဖုန်းဖြင့်ခေါ်မေးသော် အလုပ်ခေါင်းဆောင် မှ သူ့အား လုပ်အားခ ရှင်းပေးလိုက်ကြောင်း ပြောသည်..
သို့သော်လည်း သူသည် အမှန်အကန်း လုပ်အားခ မရလာသည့် အတွက်ကြောင့် မကြေမနပ် ဖြစ်နေသည်ကို တွေ့ရသည်.. သို့ပေမဲ့ လာတိုင်သူမှာ အလုပ်ခေါင်းဆောင်ရဲ့ အမည် အပြည့်အစုံ လည်း မသိတာကတကြောင်း ဒါကြောင့်မို့ အမှု နှစ်ခု ဖွင့်သည်မှာ အောင်မြင်မှု မရရှိခဲ့ပါ..
သူသည် ယခု သွားစရာ မရှိ စားစရာ မရှိနဲ့ ဖြစ်နေသည်အတွက်ကြောင့် (AGYO) မှ နေစရာနဲ့ အလုပ်ရှာပေးရန် စီစဉ်ပေးပါတယ် .လောလောဆယ်မှာ သူသည် ဒါဏ်ရာကြောင့် တစ်ပါတ်ခန့်လောက် အလုပ် မလုပ်နိုင်လို့ ခန့်မှန်ရပါသည်.သူ့ရဲ့ နေရပ်လိပ်စာမှာ ကျောက်ဖြူမြို့နယ် အဂင်းရွာမှဟု သိရသည်.
တကယ်လို့ သူရဲ့ ဆွေမျိုးများ တွေရှိခဲ့ပါက ကျွန်တော်တို့ (AGYO) အား သက်သွယ်နိုင်ပါသည်..
သည်နည်းတူပင် ကျွန်တော်တို့ မြန်မာ့ရွှေ့ပြောင်း ညီကိုမောင်နှမများ ဒုက္ခ ရောက်နေကြသည်ကို တွေး၍ စိတ်မကောင်းပါ ...
ဆ၀ါတီကန်ရုံး
ရခိုင်မျိုးဆက်သစ်လူငယ်များ အစည်းအရုံး

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate