Thursday, 2 July 2015

ကချင်မှ ပြန်လာသူ ရခိုင် ၅၀၀ ကျော် မင်းပြားမြို့သို့ရောက်ရှိ



 စံမောင်သန်း- စစ်တွေ၊ ဇူလိုင် ၂
ကချင်ပြည်နယ်မှ မိမိနေရပ်ရင်း ရခိုင်ပြည်နယ် သို့ ပြန်လာသူ ရခိုင်အမျိုးသား ၅၀၉ ဦးသည် ဇူလှိုင်လ ၁ ရက်နေ့က မင်းပြားမြို့သို့ ကောင်းမွန်စွာ ရောက်ရှိလာသည်ဟု သိရသည်။
ပြန်လာသူများ အထဲတွင် မွေးကင်းစ ကလေးသူငယ်များ အပါအ၀င် အရွယ်မျိုးစုံ ပါဝင်ပြီး သူတို့မှာ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ ကျောက်တော် စသည့် မြို့နယ်များမှဖြစ်ကြသည်ဟု သိရသည်။
အဆိုပါ လူပေါင်း ၅၀၉ ဦးသည် ခရီးသည်တင်အဆင့်မြင့်ကားများဖြင့် ဇူလိုင်လ တစ်ရက်နေ့ ည ၉ နာရီအချိန်တွင် မင်းပြားသို့ ရောက်ရှိလာပြီး သူတို့အား မြို့မတောင်ကျောင်း၊ မြို့မမြောက်ကျောင်းနှင့် မြို့မဓမ္မာရုံများတွင် နေရာချထားပေးထားသည်ဟု သိရသည်။
စားရေးသောက်ရေးကို အစိုးရမှ လက်ရှိ တာဝန်ယူ ဖြေရှင်းပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် သူနာပြု ဆရာမများကိုလည်း စီစဉ်ပေးထားသည်ဟု မင်းပြားမြို့မှ ဦးသိန်းစံပြောသည်။

တရပ်တကျေးသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားသော ရခိုင်အမျိုးသားများထဲမှ ယခုလို လူပေါင်း ၅၀၀ ကျော် မိမိနေရပ်ရင်းသို့ ပြန်လာကြသည့် အပေါ် မင်းပြားမြို့သူ မြို့သားများက နွေးထွေးစွာကြိုဆိုကြပါကြောင်း၊ သူတို့ ပြန်လာကြခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေကြရသော ရခိုင်တစ်မျိုးသားလုံး မိမိမြေပေါ်တွင် ပြန်လည်၍ ဆုံတွေ့ကြရမည့် အတိတ်နမိတ်ဟု မြင်မိပါကြောင်း၊ မိမိပြည်ကို မိမိတို့ ကာကွယ်ရန် လိုအပ်နေသဖြင့် ရခိုင်အမျိုးသားများအားလုံး ရခိုင်ပြည်ကို ပြန်လာကြရန် လိုအပ်ပါကြောင်း၊ ယခု ပြန်လာကြသူများအား အေးချမ်းစွာ သက်မွေးဝမ်းကျောင်း ပြုနိုင်ရေး အတွက် တမ္ဘာလုံးရှိ ရခိုင်အမျိုးသားများက ၀ိုင်းဝန်းကူညီကြရန် လိုကြောင်းဖြင့်လည်း ဦးသိန်းစံက ပြောဆိုသည်။
(မင်းပြားမြို့သို့ ပြန်လည် ရောက်ရှိလာသော ရခိုင်မိသားစုများ- Photo- Narinjara)

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate