Thursday, 2 July 2015

မင်းပြားတွင် မှိုစား၍ အဆိပ်သင့်သေဆုံးညီအစ်မ နှစ်ဦးအလောင်းကို ဆေးစစ်ရန် မြုပ်နှံထားရာမှ ပြန်ဖော်


ရခိုင်ပြည်နယ် မင်းပြားမြို့ သချိုင်းတွင် အဆိပ်သင့်၍ သေဆုံးခဲ့သည်ဟု ယူဆရသော ညီအစ်မတော်စပ်သူ မိန်းခလေး နှစ်ဦး၏ အလောင်းကို ဆေးစစ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ ဇူလှိုင်လ တစ်ရက်နေ့ နံနက်က ပြန်လည် ဖော်ယူခဲ့သည်ဟု မင်းပြားမြို့မ ရဲစခန်းမှူးက ပြောသည်။

“ သေဆုံးတဲ့ အကြောင်းအရင်းကို သိချင်တဲ့ အတွက် မြို့နယ် တရားသူကြီးဆီခွင့်ပြုချက်တောင်းပါတယ်။ ခွင့်ပြုချက်ရတဲ့ အခါ မြို့နယ် ကုသရေးမှူးရယ်၊ မင်းပြားမြို့မရဲစခန်းမှူးရယ်၊ မြို့နယ် စည်ပင်က အမှုဆောင် အရာရှိရယ်၊ ရပ်ကွက်က ရပ်မိ ရပ်ဖတွေရယ် စုပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ကနေ နေ့လယ် ၁ နာရီထိ တူးဖော် စစ်ဆေး ပါခဲ့တယ်” ဟု ရဲစခန်းမှူးက နိရဉ္စရာသို့ ပြောဆိုသည်။
ယခုကဲ့သို့ တူးဖော်ရခြင်းမှာ သေဆုံးရသည့် အဓိက အကြောင်းအရင်းကို သိလိုသဖြင့် အလောင်းကို ပြန်လည် တူးဖော်ရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အရပ်သားများက မှိုစားရာမှ အဆိပ်သင့်ရာမှ သေဆုံးခြင်း ဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း ယင်းသို့ ပြောဆိုခြင်းမှာ အရပ်သား စကားသာဖြစ်သဖြင့် လက်ခံ အတည်ပြု၍ မရကြောင်း စခန်းမှူးက ဆိုသည်။

“ မှိုစားပြီး သေတယ်ဆိုတာက အရပ်စကားပါ။ သူတို့က ငါးရယ်၊ ဂဏန်းရယ်၊ ၀ါဆို မှိုရယ်ရောပြီး ချက်စားရာကနေ အော့အန်ပြီး အဆိပ်သင့် သေဆုံးတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဒါက တရားမ၀င်တဲ့ အတွက် ပြန်လည် စစ်ဆေးရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ တောင်ပို့ကြီးအုပ်စု၊ ငပယင့် (ခေါ်) ငပြီအင်းရွာက မိသားစုငါးဦးသည် ဇွန်လ ၂၆ ရက်နေ့က ကျိန်းတောင် တောင်တန်းမှ ရရှိလာသော ဂရင်မှို၊ တောင်ပုတ်မှို၊ ရီကြိုင်မိုများအား ကဏန်း၊ သဗြုသီး၊ အနောက်ငါး စသော အစားအစာများနှင့် ရောချက်စားခဲ့ကြသည်ဟု သိရသည်။

ထိုသို့ စားသောက်ပြီး တစ်ရက်အကြာ နောက်တစ်နေ့ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် သမီးအကြီးသူ မခိုင်ဖြူချေ (၉ နှစ်)သည် စတင်အော့အန်ပြီး သတိမရ ဖြစ်သွားခဲ့ကြောင်း၊ ရွာမှ ကျန်းမာရေးဆရာမနှင့် ဆေးကုသသော်လည်း မသက်သာသဖြင့် ချက်ချင်း ဇွန်လ ၂၈ ရက်နေ့ နံနက်တွင် မင်းပြားမြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ထိုသို့ တင်ပို့စဉ် ရွာတွင် ကျန်နေခဲ့ကြသည့် ဖခင် ဖြစ်သူ ဦးမောင်ကျော်မင်း (၅၁-နှစ်)၊ မိခင်ဖြစ်သူ ဒေါ်အိမ်သာနု (၄၄-နှစ်) ၊ ခုနှစ်တန်းကျောင်းသား မောင်ကျော်ခင်ဦး (၁၃-နှစ်) နှင့် သူငယ်တန်း ကျောင်းသူ မမေချေ (၇-နှစ်) တို့လည်း အော့အန်ပြီး သတိလစ်သွားရာမှ ယင်းနေ့တွင် မင်းပြားမြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ရဲက ပြောသည်။

ထိုသို့ ဆေးရုံတင်ထားစဉ် မခိုင်ဖြူချေမှာ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ သမီးအငယ်ဆုံးဖြစ်သူ မမေချေမှာ ညနေ ၈ နာရီခန့်တွင်လည်းကောင်း အသီးသီး သေဆုံးသွားပြီး မင်းပြားမြို့ သချိုင်္င်းတွင် သဂြီင်္ုလ်ခဲ့သည်။

ကျန်နေခဲ့သူ ဦးမောင်ကျော်မင်း၊ ဒေါ်အိမ်သာနု၊ ခုနှစ်တန်းကျောင်းသား မောင်ကျော်ခင်ဦးတို့မှာ စိုးရိမ်စရာ မရှိတော့သော်လည်း စစ်တွေဆေးရုံကြီးသို့ သူတို့ သဘောဆန္ဒအရ ပို့ဆောင်လိုက်သည်ဟု သိရသည်။

“ ဆေးစစ်ဆေးတာကိုတော့ မြို့နယ် ကုသ ဦးစီးရေးဌာနက ပြုလုပ်မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ စစ်ဆေးမှာလား၊ ဒီမှာ စစ်ဆေးမှာလားဆိုတာကတော့ သူ့အပိုင်းပါ။ ဆေးပညာအရ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဆေးစစ်ဆေးချက်ရရင် မြို့နယ် တရားရုံးကို ဥပဒေနဲ့ အညီအမှုတင်ရမှာ ဖြစ်ပါတယ်။ ဆက်လက် မင်းပြားမြို့နယ် တရားရုံးက စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု မြို့မ ရဲစခန်းမှူးက ပြောဆိုသည်။

ဆေးစစ်ဆေးချက်ကို ရရှိရန်မှာ တစ်လခန့်ကြာနိုင်ကြောင်း၊ ယခုအခါ သေမှုသေခင်း ဖြင့် မင်းပြားမြို့မ ရဲစခန်း အမှုအမှတ် ၁၂/ ၂၀၁၅ အမှုဖွင့်ထားကြောင်း စခန်းမှူးက ပြောဆိုသည်။

Narinjara

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate