Monday, 3 August 2015

မင်းပြားတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ် လိုအပ်နေ

(ဓာတ်ပုံ- ရေကြီးစဉ် မင်းပြားတွင် ခိုလုံနေကြသူများ)
 သြဂုတ် ၂

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ရေပြန်ကျသွားပြီ ဖြစ်သော်လည်း အိမ်များ၊ စပါးကျီများ၊ ရေကန် အများအပြားကို ရွံ့ရေများဖုံးလွှမ်းခဲ့သဖြင့် ကျေးရွာတိုင်းလိုလိုတွင် ရိက္ခာနှင့် သောက်ရေများ အပူတပြင်း လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ်အတွင်း ဆုံးရှုံးမှုပမာဏ အလွန်များပြားကြောင်း၊ ရေကျသွားပြီ ဖြစ်သော်လည်း ရွံ့နွံများ တစ်ပေကျော်ထိ တင်ကျန်ခဲ့သည့် အတွက် ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းတွင် ရှင်းလင်းနေရကြောင်း၊ အဓိက ရိက္ခာနှင့် သောက်ရေ ပြတ်လပ်နေပြီး သောက်သုံးရေ အချိန်မီ မရပါက ရောဂါဘယများ ဖြစ်ပွားလာနိုင်ကြောင်း မင်းပြားမြို့ခံ ဦးသိန်းစံက ပြောကြားသည်။ မင်းပြားမြို့နယ် အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသည်ဟု အကြောင်းပြန်ကာ ဆက်သွယ်၍ မရခဲ့ပါ။

မင်းပြားမြို့နယ်အတွင်း လေးမြို့မြစ်၊ ရာမောင်မြစ်၊ ပန်းမြောင်းကြီးချောင်း၊ ဖုန်သာချောင်းတို့တွင် ရေအလွန်တက်ခဲ့ပြီး ကျေးရွာအများအပြား ထိခိုက်ခဲ့ပြီး စပါးခင်းများအားလုံးပျက်စီးသွားခဲ့သည်ဟု သိရသည်။

မင်းပြားမြို့နယ်တွင် သေဆုံးအရေအတွက်မှာ တစ်ဆယ်ကျော်ရှိကြောင်း၊ ငစရိုင်းချောင်းရှိ မြစ်နားအ၀ရွာတွင် ရေပြည့်နေစဉ် လောင်းဖြင့် ဖြတ်ကူးရာ ရေအောက်ကို ရောက်နေသော ကျောက်တုံးကို တိုက်မိရာမှ လှေမှောက်ပြီး မိသားစု ၁၀ ဦးသေဆုံးခဲ့ပြီး ခြောက်ဦးသာ အသက်ရှင်ကြောင်း၊ မင်းဖူးတွင်လည်း နှစ်ဦးသေဆုံးသည်ဟု သတင်းရရှိကြောင်း ဦးသိန်းစံက ပြောကြားသည်။

ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကမူ သြဂုတ်လ ၁ ရက်နေ့ထိ မင်းပြားမြို့နယ်တွင် သေဆုံးသူ ၉ ဦး စာရင်း ရရှိထားကြောင်း ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate