Monday, 3 August 2015

မြစ်ဝကျွန်းပေါ်ဒေသအချို့ ရေလွှမ်းမယ့် အန္တရာယ်ရှိ

ချင်းတွင်းမြစ်ရေသည် (၁၃)နှစ် အတွင်း အမြင့်ဆုံးရေအမှတ်အဖြစ် မုံရွာမြို့တွင် စိုးရိမ်ရေမှတ် (၁,၀၀၀) စင်တီမီတာကိုကျော်လွန်ပြီး (၁,၁၃၅) စင်တီမီတာသို့ ရောက်နေသဖြင့် တာဖို့နေကြပုံ၊ (သြဂုတ် ၂၊ ၂၀၁၅။ ဓာတ်ပုံ/ MOI)
ချင်းတွင်းမြစ်ရေသည် (၁၃)နှစ် အတွင်း အမြင့်ဆုံးရေအမှတ်အဖြစ် မုံရွာမြို့တွင် စိုးရိမ်ရေမှတ် (၁,၀၀၀) စင်တီမီတာကိုကျော်လွန်ပြီး (၁,၁၃၅) စင်တီမီတာသို့ ရောက်နေသဖြင့် တာဖို့နေကြပုံ၊ (သြဂုတ် ၂၊ ၂၀၁၅။ ဓာတ်ပုံ/ MOI)
မြန်မာနိုင်ငံ နေရာအတော်များများမှာ လွန်ခဲ့တဲ့ရက်ပိုင်းကစတဲ့ မုတ်သုန်မိုးသည်းထန်မှုကြောင့် မြစ်ရေကြီးမှုတွေ ရှိနေပြီး ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ ရွှေကျင်၊ ငဝန်မြစ်တွေမှာ အချို့နေရာတွေ စိုးရိမ်ရေမှတ်ရောက်နေပါတယ်။ အထက်ပိုင်းက လာတဲ့ရေနဲ့ မိုးဆက်လက်ရွာသွန်းမှုတွေကြောင့် ဒီရက်ပိုင်းထဲမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ရေကြီး ရေလျှံမယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်က သုံးသပ်ပြောဆိုထားပါတယ်။
“မုံရွာတို့၊ ဘာတို့ကတော့စိုးရိမ်ရတဲ့အဆင့်ကို ရောက်နေတယ်လို့၊ ဟင်္သာတနားမှာတော့ စတက်နေပြီ။ ဟင်္သာတနားမှာအနီးပတ်ဝန်းကျင်ကမြို့တွေကို ရေတွေဝင်ကုန်ပြီဗျ၊ နောက် မြစ်ဝကျွန်းပေါ်မြို့ နှစ်မြို့သုံးမြို့လည်း ရေဝင်တယ်လို့ သိရတယ်၊ အဲဒါကတော့ နည်းနည်း စောင့်ကြည့်ပြီး- စိုးရိမ်ရတဲ့အနေအထားမှာတော့ ရှိတာပေါ့ဗျာ၊
ဘာကြောင့်လဲဆိုတော့ မိုးကလည်းရွာနေတယ်။ တောင်ပေါ်ကရေတွေကလည်း အောက်ကိုဆင်းတဲ့ကာလဖြစ်နေတယ်လေ။”
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အိမ်မွေးတိရစ္ဆာန်များကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရတဲ့ ရေနံချောင်းမြို့မြင်ကွင်း။ (ဓာတ်ပုံ-MOI) သြဂုတ် ၁၊ ၂၀၁၅။ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အိမ်မွေးတိရစ္ဆာန်များကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရတဲ့ ရေနံချောင်းမြို့မြင်ကွင်း။ (ဓာတ်ပုံ-MOI) သြဂုတ် ၁၊ ၂၀၁၅။
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး နောက် သုံးရက်အတွင်းမှာလည်း ရေထပ် တက်လာဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ထုတ်ပြန်ထားတာမို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ဧရာဝတီမြစ်ကြောတလျှောက် မြို့နေရာ အချို့ ရေလွှမ်းမိုးမှု ပိုဆိုးလာမယ့် အခြေအနေမှာရှိနေပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဟင်္သာတ၊ ဇလွန် မြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ရှိနေပြီး ချင်းတွင်းမြစ်တလျှောက်က မော်လိုက်၊ ကလေးဝ၊ မုံရွာမြို့တွေမှာ နောက်ရက်တွေအထိ စိုးရိမ်ရေမှတ်ကျော်မှာ ရှိနေဦးမယ်လို့ မိုးဇလက သတိပေးထားပါတယ်။
http://burmese.voanews.com/content/some-of-deltas-in-myanmar-to-face-possible-flooding-/2895680.html

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate