Thursday, 10 September 2015

ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်တွင် အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို



====================================
စစ်တွေ၊ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်တွင် ဆရာဦးဥတ္တမနေ့ကို အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် စစ်တွေတွင် ပြုလုပ်သည့် (၇၆) နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနား တွင် ဦးဥတ္တမနေ့ အခမ်းအနားဖြစ်မြောက်ရေး အတွက် စီစဉ်သူတစ်ဦးလည်းဖြစ်၊ စစ်တွေရှိ ဦးဥတ္တမ ရုပ်တု ပြုပြင်မွန်းမံရာတွင် ဦးစီဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်သည့် ဦးထွန်းဦးကျော်က တောင်းဆို လိုက်သည်။
ယင်းတောင်းဆိုမှုကို ရခိုင်ပြည်နယ် အစိုးရမှ ကြီးမှူးပြီး ကျင်းပနေသော စစ်တွေမြို့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် ကျေးဇူးတင် စကား ပြောရာ၌ ထိုသို့ ထည့်သွင်းတောင်းဆိုသွားခြင်း ဖြစ်သည်။
“ ဦးဥတ္တမဟာ ရခိုင်အမျိုးသားတွေ အတွက်သာမက မြန်မာတစ်မျိုးသားလုံး အတွက် ကိုယ်ကျိုးစွန့် အကျိုးပြုခဲ့တဲ့ ရဟန်း အာဇာနည် ခေါင်းဆောင် တစ်ဦးဖြစ်တယ်။ ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်ထဲမှာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် အဖြစ် ပြည်နယ်လွှတ်တော်က
ဆုံးဖြတ်ပြီးတော့ နိုင်ငံတော်ကို တင်ပြပေးဖို့ တောင်းဆိုလိုပါတယ်” ဟု သူက ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ဆရာတော် ဦးဥတ္တမနေ့ကို ပြည်နယ် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန်ကို ရခိုင်တစ်မျိုးသားလုံးက လိုလားနေကြသည်ဟု သိရှိရသည်။
၎င်းပြင် စစ်တွေရှိ ဦးဥတ္တမ ပန်းခြံကိုလည်း မြို့အင်္ဂါရပ်နှင့်အညီ ခန်းနား တင့်တယ်အောင် နိုင်ငံတော် အစိုးရ အနေဖြင့် ပြုလုပ်ပေးရန်လည်း ဦးထွန်းဦးကျော်က တောင်းဆိုခဲ့သည်။
“ဦးဥတ္တမပန်းခြံကို မြို့အင်္ဂါရပ်နဲ့အညီ ထိုင်ခုံ၊လမ်း၊ ကစားစရာများ၊ အများပြည်သူနားနေနိုင်တဲ့ ပန်းခြံအဖြစ် အဆင့်တိုးမြင့် စေလိုပါတယ်။ လမ်းမီးတိုင်တွေနဲ့ ပိုမိုတင့်တယ် ခန်းနားအောင် ပြုလုပ်ပေးဖို့ နိုင်ငံတော် အကြီးအကဲ တွေကို တောင်းဆိုလိုပါတယ်။ ဦးဥတ္တမရုပ်တုရဲ့ နောက်ဘက်မှာ ဆရာတော်ရဲ့ အတ္ထုပ္ပတ္တိ လုပ်ဆောင်ချက်တွေ ထားရှိမယ့် သမိုင်းပြတိုက်တစ်ခု လုပ်ပေးစေချင်ပါတယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရမှ ကြီးမှူးကျင်းပသော စစ်တွေ ဦးဥတ္တမနေ့ အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ၀န်ကြီးများ၊ မြို့မိမြို့ဖများ၊ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းများအပါအ၀င် လူပေါင်း ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။
NarinjaraNews

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate