Thursday, 10 September 2015
ယခုလုပ်ရပ်အား (AGYO)ပြင်းထန်စွာ ကဲရဲချုံ့ ချ ခြင်း
-------------------------------------------------------
ရွှေတိဂုံ. ၉.၉.၂၀၁၅
မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် နယ်ချဲ့ ဆန့်ကျင်ရေးကိုအစဉ်တစိုက်လုပ်ဆောင်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခဲ့သည်မှာ (၇၆)နှစ်ရှိပြီဖြစ်ပြီး ထိုနေ့တွင် ရခိုင်တမျိုးသားလုံးမှ ဆရာတော် ဦးဥတ္တမအား အောက်မေ့ဖွယ် ဝမ်းနည်းဖွယ် ဟောပြောပွဲများ လွမ်းသူ ပန်းခွေချတာများကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ ၊ တစ်ခြားသော နိုင်ငံ အသီးသီးတို့မှာ ကျင့်ပ ပြုလုပ်ကြသည် မှာ တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံး အသိပင် ဖြစ်ပါသည်။
ထိုနေ့တွင် ရန်ကုန်မြို့ရှိ ရခိုင်လူမျိုးများသည် ရွှေတိဂုံဘုရားအား သွားရောက်ဖူးမျော်ရာတွင် လုံခြုံရေးနှင့် ဝန်ထမ်းများသည် ယခုလို ရွှေတိဂုံဘုရားပေါ်သို့ အရခိုင်အလံများနှင့် ဆရာတော် ဦးဥတ္တမပုံပါ အင်္ကျီ တွေကိုပါယူဆောင်ခွင့်မပြုဆိုသည်မှာ ရခိုင်တစ်မျိုးသားလုံးနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရှေ့ဆောင်လမ်းပြ ထောင်နန်းစံပြီးလုပ်ဆောင်ခဲ့သူ ဆရာတော် ဦးဥတ္တမအား စော်ကားလိုက်သည်နှင့် တူနေပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး 
တိုင်းရင်းသားများစီးလုံးညီညွတ်ရေးကိုဖျက်စီးလိုက်သည်နှင့်တူညီနေသည်ပင်ဖြစ်သည်။ သည်လုပ်ရပ် ကြောင့် ဆူပူမှု့ စိတ်ဝမ်းကွဲမှုများကို ဖေါ်ဆောင်လိုသည်ပင်ဖြစ်သည်။ ထိုသို့ အထက်ပါလုပ်ရပ်များအား
ရခိုင်တိုင်ရင်းသားများကိုယ်စား ကျွန်ုပ်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ထိုင်းဥပဒေနှင့် အညီ ကူညီပေးရေး (ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး) A.G.Y.O မှ ပြင်းထန်စွာ ကဲရဲချုံ့ချလိုက်ပါသည်..
0 comments:
Post a Comment
Follow on Blogger
ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 
ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ
AGYO ARAKAN
Total Pageviews
Follow us on facebook
အဖတ်အများဆုံး
အုပ်စုအလိုက် ပိုစ့်များ
ဆရာတော် အသျှင်ဥတ္တမ
http://www.agyo.org/2015/01/blog-post.html
ဆရာကြီး ဦးသာထွန်း
http://agyo.org/2015/08/blog-post_14.html
Online Radio Arakan
လအလိုက် ပိုစ့်များ
Translate