Wednesday, 23 September 2015



သိရသည်။
( Rakhine News Group )
.................................
ရန်ကုန်-စစ်တွေ ပြေးဆွဲနေသော “ကံ့ကော်ဖူး” ရေယာဉ်နစ်မြုပ်
လူ ၁၁ ဦးပျောက်ဆုံးနေ ၊ ကုန် သိန်းကိုးထောင်ကျော်ဖိုး ဆုံးရှုံး ။
=============================================
ရန်ကုန်-စစ်တွေတိုက်ရိုက်ပြေးဆွဲနေသော “ကံ့ကော်ဖူး”အမည်ရှိကမ်းရိုးတန်း
ရေယာဉ်သည် စက်တင်ဘာ ၁၉ရက်ညက ရန်ကုန်မှစစ်တွေသို့အသွား ဧရာဝတီတိုင်းဒေသကြီးပြင်စလူအရောက်တွင် ၀မ်းပေါက် နစ်မြုပ်ရာ လူ၁၁
ဦးပျောက် ဆုံးနေဆဲဖြစ်ပြီး၊ တင်ဆောင်လာသော သိန်း ၉၀၀၀ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများလည်း ရေယာဉ်နှင့်အတူ ရေထဲနစ်မြုပ်ဆုံးရှုံးသွားကြောင်း
သိရသည်။
ခရီးသည်နှင့် သယ်ဆောင်ပစ္စည်းအများစုမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှဖြစ်ပြီး၊ ဤရေယာဉ်မှာ သစ်သားဖြင့် တည်ဆောက်၍ သက်တမ်း(၂၅)နှစ်ကျော်
ကြာမြင့်ကာ ကျောက်ဖြူအနီးတွင် ၂၀၀၇ ခုနှစ်ကတစ်ကြိမ်၊ ရန်ကုန်မြစ်ထဲ ၌
၂၀၀၉ ခုနှစ်ကတစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် နစ်မြုပ်ခဲ့ဖူးကြောင်းသိရသည်။
ယနေ့မနက်ပိုင်းရရှိသောသတင်းများအရ ရေယာဉ်နစ်မြုပ်ရာအနီး ကျေးရွာ
ကမ်းပါးများတွင် လူသေ အလောင်း များ တွေ့ရ ကြောင်း သိရသည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ သက်တမ်း၂၅-နှစ်ရှိ သစ်သားလုပ်ရေယာဉ်များ
ကို သက်ဆိုင်ရာမှ စီစစ်ခြင်းမရှိဘဲ ကမ်းရိုးတမ်းမောင်းနှင်ခွင့်ပြုခြင်းကြောင့်
ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ မဆုံးရှုံးသင့်ဘဲ ပျက်စီး ဆုံးရှုံး
နေကြရကြောင်း ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။
( Rakhine News Group )

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate