Wednesday, 23 September 2015

စစ္ေတြ ျပည္သူ႕ေဆး႐ံုႀကီးတြင္ သူနာျပဳ ၂၀၀ အလုပ္မဆင္းဘဲ ဆႏၵျပ

ရခုိင္ျပည္နယ္ ၿမိဳ႕ေတာ္ စစ္ေတြ ျပည္သူ႔ေဆးရုံႀကီး၌ သူနာျပဳႏွစ္ဦးအား
လက္ေထာက္ ဆရာဝန္ တစ္ဦးက ကုိယ္ထိလက္ေရာက္ ျပဳမူမႈကုိ ေဆး႐ုံအုပ္က တာဝန္ယူေျဖရွင္းမေပးသည့္အတြက္ သူနာျပဳ ၂၀၀ ခန္႔က စက္တင္ဘာ ၂၃ရက္တြင္ အလုပ္ (ဂ်ဴတီ) မဆင္းဘဲ ဆႏၵျပလုိက္သည္ဟု ဆႏၵျပရာတြင္ ပါဝင္သည့္ သူနာျပဳတစ္ဦးက ေျပာသည္။
ၿပီးခ့ဲသည့္ စက္တင္ဘာလ ၁၇ ရက္က ကေလးေဆာင္တြင္ လက္ေထာက္
ဆရာဝန္ႏွင့္ သူနာျပဳႏွစ္ဦး စကားအေခ်အတင္ အျငင္းျဖစ္ပြားရာမွ ဆရာဝန္က ယင္းသူနာျပဳႏွစ္ဦးအား ကုိယ္ထိလက္ေရာက္ ျပဳမူခဲ့သည္ဟု ၎က ေျပာသည္။ "အျပာဝတ္ ဆရာမ ထုိင္ေနတ့ဲခုံကုိ တြန္းခ်လုိက္တယ္။ အဓိကေတာ့ ဆရာမျပဳတ္က်ေအာင္လုိ႔ေပါ့။ ဆရာမမွာ ျပဳတ္က်ၿပီးေတာ့ အုပ္နံရံနဲ႔တုိက္မိၿပီး ဦးေခါင္းထိပ္ေတြေရာင္၊ ပါးေတြေရာင္ဖူးသြားပါတယ္။ အခုသူ အရမ္းကုိ နာက်င္ေနပါတယ္။ ေနာက္ အနီဝတ္ ဆရာမတစ္ဦးကုိေတာ့ ရပ္ခုိင္းထားၿပီး
ေဘးနားမွာ ပုလင္းခြံကုိ လႊတ္ခ်လုိက္တယ္။ ပုလင္းကုိ လႊတ္ခ်လုိက္ရင္ အကြဲ
ေတြက လႊင့္စုိင္မွာကုိ အဲဒီဆရာဝန္သိပါတယ္။ ဒါေပမယ့္ တမင္သက္သက္
လုပ္ေတာ့ ပုလင္းကြဲေတြဟာ ဆရာမ ေျခဖဝါးေရာ၊ ေျခသလုံးမွာေရာ စုိက္ဝင္
သြားပါတယ္။ " ဟု ေျပာသည္။
အဆုိပါ ျဖစ္စဥ္အေပၚမွာ ေဆး႐ံုအုပ္က လက္ေထာက္ဆရာဝန္အား အျပစ္
မယူဘဲ သူနာျပဳမ်ားကုိသာ မွင္နီတားျခင္း၊ နယ္သုိ႔ေရႊ႕ေျပာင္းရန္ စီစဥ္ျခင္းျပဳလုပ္
သျဖင့္ ယခုကဲ့သို႔ အလုပ္မဆင္းဘဲ ဆႏၵေဖာ္ထုတ္ရျခင္းျဖစ္ေၾကာင္း အဆုိပါ
သူနာျပဳကဆုိသည္။
ယင္းအျပင္ သူနာျပဳမ်ားက တာဝန္ယူေျဖရွင္းမေပးသည့္ ေဆး႐ံုအုပ္ ႏွင့္ ကိုယ္ထိ
လက္ေရာက္ ျပဳမူေစာ္ကားခဲ့သည့္ လက္ေထာက္ ဆရာဝန္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္
အပါအဝင္ သက္ဆုိင္သူမ်ားကို တုိင္ၾကားသြားမည္ဟုလည္း ဆုိသည္။
စစ္ေတြ ျပည္သူ႔ေဆး႐ုံႀကီးတြင္ အနီဝတ္၊ အျပာဝတ္ႏွင့္ အစိမ္းဝတ္ သူနာျပဳ
စုစုေပါင္း ၃၀၀ ခန္႔ရွိၿပီး ယခု ဆႏၵေဖာ္ထုတ္သူမ်ားမွာ အနီဝတ္ႏွင့္ အျပာဝတ္ သူနာျပဳမ်ားျဖစ္ေၾကာင္း သိရသည္။
စစ္ေတြေဆး႐ံုတြင္ သူနာျပဳ သံုးပံုႏွစ္ပံုမွာ ဂ်ဴတီမဝင္သျဖင့္ သူနာျပဳနည္းပါးၿပီး
ေဆး႐ံုရွိ လူနာမ်ား အခက္ေတြ႕ေနသည္ဟု လူနာေစာင့္တစ္ဦးက ေျပာသည္။
အဆုိပါကိစၥႏွင့္ပတ္သက္ၿပီး ေဆး႐ုံအုပ္အား DMGက ဆက္သြယ္ခ့ဲေသာ္လည္း ယေန႔မအားေသးဘူးဟုသာ ဆုိၿပီး မေျဖၾကားခဲ့ေပ။ သူနာျပဳႏွစ္ဦး ႏွင့္ အခ်င္း
မ်ားခဲ့သည့္ လက္ေထာက္ ဆရာဝန္မွာမူ အမွားဝန္ခံကာ ေတာင္းပန္မည္ဟု သတင္းရရွိေသာ္လည္း ၎ကို DMGက ဆက္သြယ္ႏုိင္ျခင္း မရွိခဲ့ေပ။
သတင္း-Mizzima.
......................................................

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ ပြည်သူ့ဆေးရုံကြီး၌ သူနာပြုနှစ်ဦးအား
လက်ထောက် ဆရာဝန် တစ်ဦးက ကိုယ်ထိလက်ရောက် ပြုမူမှုကို ဆေးရုံအုပ်က တာဝန်ယူဖြေရှင်းမပေးသည့်အတွက် သူနာပြု ၂၀၀ ခန့်က စက်တင်ဘာ ၂၃ရက်တွင် အလုပ် (ဂျူတီ) မဆင်းဘဲ ဆန္ဒပြလိုက်သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သူနာပြုတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်က ကလေးဆောင်တွင် လက်ထောက်
ဆရာဝန်နှင့် သူနာပြုနှစ်ဦး စကားအချေအတင် အငြင်းဖြစ်ပွားရာမှ ဆရာဝန်က ယင်းသူနာပြုနှစ်ဦးအား ကိုယ်ထိလက်ရောက် ပြုမူခဲ့သည်ဟု ၎င်းက ပြောသည်။

"အပြာဝတ် ဆရာမ ထိုင်နေတဲ့ခုံကို တွန်းချလိုက်တယ်။ အဓိကတော့ ဆရာမပြုတ်ကျအောင်လို့ပေါ့။ ဆရာမမှာ ပြုတ်ကျပြီးတော့ အုပ်နံရံနဲ့တိုက်မိပြီး ဦးခေါင်းထိပ်တွေရောင်၊ ပါးတွေရောင်ဖူးသွားပါတယ်။ အခုသူ အရမ်းကို နာကျင်နေပါတယ်။ နောက် အနီဝတ် ဆရာမတစ်ဦးကိုတော့ ရပ်ခိုင်းထားပြီး
ဘေးနားမှာ ပုလင်းခွံကို လွှတ်ချလိုက်တယ်။ ပုလင်းကို လွှတ်ချလိုက်ရင် အကွဲ
တွေက လွှင့်စိုင်မှာကို အဲဒီဆရာဝန်သိပါတယ်။ ဒါပေမယ့် တမင်သက်သက်
လုပ်တော့ ပုလင်းကွဲတွေဟာ ဆရာမ ခြေဖဝါးရော၊ ခြေသလုံးမှာရော စိုက်ဝင်
သွားပါတယ်။ " ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်အပေါ်မှာ ဆေးရုံအုပ်က လက်ထောက်ဆရာဝန်အား အပြစ်
မယူဘဲ သူနာပြုများကိုသာ မှင်နီတားခြင်း၊ နယ်သို့ရွှေ့ပြောင်းရန် စီစဉ်ခြင်းပြုလုပ်
သဖြင့် ယခုကဲ့သို့ အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း အဆိုပါ
သူနာပြုကဆိုသည်။
ယင်းအပြင် သူနာပြုများက တာဝန်ယူဖြေရှင်းမပေးသည့် ဆေးရုံအုပ် နှင့် ကိုယ်ထိ
လက်ရောက် ပြုမူစော်ကားခဲ့သည့် လက်ထောက် ဆရာဝန်အား ပြည်နယ်ဝန်ကြီးချုပ်
အပါအဝင် သက်ဆိုင်သူများကို တိုင်ကြားသွားမည်ဟုလည်း ဆိုသည်။
စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် အနီဝတ်၊ အပြာဝတ်နှင့် အစိမ်းဝတ် သူနာပြု
စုစုပေါင်း ၃၀၀ ခန့်ရှိပြီး ယခု ဆန္ဒဖော်ထုတ်သူများမှာ အနီဝတ်နှင့် အပြာဝတ် သူနာပြုများဖြစ်ကြောင်း သိရသည်။
စစ်တွေဆေးရုံတွင် သူနာပြု သုံးပုံနှစ်ပုံမှာ ဂျူတီမဝင်သဖြင့် သူနာပြုနည်းပါးပြီး
ဆေးရုံရှိ လူနာများ အခက်တွေ့နေသည်ဟု လူနာစောင့်တစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆေးရုံအုပ်အား DMGက ဆက်သွယ်ခဲ့သော်လည်း ယနေ့မအားသေးဘူးဟုသာ ဆိုပြီး မဖြေကြားခဲ့ပေ။ သူနာပြုနှစ်ဦး နှင့် အချင်း
များခဲ့သည့် လက်ထောက် ဆရာဝန်မှာမူ အမှားဝန်ခံကာ တောင်းပန်မည်ဟု သတင်းရရှိသော်လည်း ၎င်းကို DMGက ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။
သတင်း-Mizzima.

0 comments:

Post a Comment

Follow on Blogger

ရခိုင္ မ်ဳိးဆက္သစ္ လူငယ္မ်ား အစည္းအရံုး (ထိုင္းနိုင္ငံေရာက္ ျမန္မာ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား ထိုင္းဥပေဒႏွင့္အညီ အေထြေထြ ကူညီေပးေရး ေစတနာ့ဝန္ထမ္း ကြန္ယက္) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO ​

ထိုင္းျမန္မာတိုင္းရင္းေပါင္းေပါင္းစံုရိုးရာယဥ္ေက်းမႈမႈပြဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ္အမ်ားဆံုး

အုပ္စုအလိုက္ ပိုစ့္မ်ား

ဆရာေတာ္ အသွ်င္ဥတၱမ

http://www.agyo.org/2015/01/blog-post.html

ဆရာၾကီး ဦးသာထြန္း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက္ ပိုစ့္မ်ား

Translate