Saturday, 26 September 2015

ရခိုင်သမိုင်းကိုလေ့လာတဲ့အခါ

ရခိုင်သမိုင်းကိုလေ့လာတဲ့အခါပြည် တွင်း ပညာရှင်တွေရဲ့ စာအုပ်၊စာတမ်းတွေ နည်းနေတာကို အထူးသတိထားမိတယ်။ ကျနော်တစ်ဦးတည်းရဲ့ အမြင်ကိုပြောရမယ်ဆိုရင် အရင်စစ်အစိုးရလက်ထက်မှာ ရခိုင်လူမျိုးတွေကို သိပ်အလေးပေးလေ့မရှိဘူးလို့ ထင်တယ်။ ရခိုင်ထက်စာရင် ရှမ်းတွေကို ပိုပြီးဦးစားပေးလေ့ရှိတယ်လို့ ထင်မိတယ်။ အမှန်တကယ်တော့ ရခိုင်သမိုင်းဟာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။
ယဉ်ကျေးမှု အစဉ်လာကြီးတယ်။ နောက်ပြီး မြန်မာ့မြေပေါ်က မင်းဆက်တွေမှာ ရခိုင်တွေသာလျှင် အစဉ်အဆက် ဒင်္ဂါးထုတ်လုပ်သုံးစွဲတာကိုတွေ့ရတဲ့အတွက် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ မှာပိုပြီးထွန်းကားတယ်လို့ပြောလို့ ရနိုင်တယ်။ မြန်မာတွေဟာ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောတဲ့အချိန်မှာ လက်သီးလက်မောင်းတန်းပြီး နှစ်ထောင်းအားရ ဖြစ်တယ်ဆိုရင် ရခိုင်တွေလည်း ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း နဲ့ ယဉ်ကျေးမှုအစဉ်လာကြီးခဲ့တယ်ဆိုတာကိုတော့ မသိချင်ယောင်ဆောင်နေလို့မရဘူး။
ဒီလိုပြောတော့ တချို့က ကျနော့ကို ရခိုင်လူမျိုးလို့ ထင်ချင် ထင်မယ်။  ရခိုင်လူမျိုးမဟုတ်ပါ။  ရခိုင်ဘက်ကိုလည်း    နှံ့နှံ့စပ်စပ်မရောက်ဖူးပါ။ ဒါပေမယ့် ရခိုင်သမိုင်းကို အလေးထားတယ်။ ရခိုင် ယဉ်ကျေးမှုကိုချစ်တယ်။ ရှေးလက်ရာတွေကိုလည်းမြတ်နိုးတယ်။
 ရခိုင် ဒင်္ဂါးတွေကို စုပြီး ရခိုင်မင်းဆက်တွေအကြောင်းအနည်းပါးရေးဖူးတယ်။ စာရေးတဲ့အခါ ဒင်္ဂါးအစစ်တွေရဲ့ ပုံတွေကို အတတ်နိုင်ဆုံးစုစည်းပြီးရေးခဲ့တယ်။ ဒင်္ဂါးတွေပေါ်မှာပါတဲ့ဗြမဟီစာတွေကိုလည်း ကြိုးစားပြီးလေ့လာကြည့်တယ်။ ဒီတော့ ရခိုင်သမိုင်းပညာရှင်တွေပြုစုရေးသားခဲ့တဲ့ စာအုပ် စာတမ်းတွေကိုရှာရပြီပေါ့။ ထင်သလောက်မလွယ်ပါ။ အတော်လေးခက်ခဲတာတွေ့တယ်။
တကယ်တမ်းရှာတော့ နိုင်ငံခြားသားတွေပြုစုထားတဲ့ ရခိုင် သမိုင်းစာတမ်းတွေကပိုများနေ
တာတွေ့ရတယ်။ အမှန်တရားနှင့် ပိုပြီးနီးစပ်တယ်။ အဂတိကင်းတယ်။ ဘာလို့ဒီလိုပြောလည်း
ဆိုတော့ အကြောင်းရှိတယ်။
(ရခိုင်သမိုင်းလေ့လာတဲ့အခါ ခရစ်တော်မပေါ်မှီ အနှစ် ၃၀၀၀ လောက်ကတည်းက မြို့ပြနိုင်ငံ
တည်ထောင်ပြီးဖြစ်ကာ သာသနာလည်းထွန်းကား၏ လို့ရေးထားတယ်။
စန္ဒာသူရိယမင်း ကပင့်ဖိတ်လို့ မြတ် စွာဘုရား ရခိုင်ပြည်ကို ကြွလာပြီး မဟာမြတ်မုနိရုပ်ပွါးတော်ကြီးကို ရင်ငွေ့ - ချက်သပ်ပြီး ထားခဲ့တယ်။
တစ်ခါက ဒဂုံတက္ကသိုလ်က သမိုင်းပါမောက္ခတစ်ယောက်ရေးတဲ့ စာတမ်းတိုလေးတစ်စောင်
ဖတ်ရတယ်။ ရခိုင်လူမျိုးတွေကို ပင်လယ်ဓားမြသာသာရေးထားတယ်။ ပြီးတော့ ပြောသေးတယ် သူတို့ချည်းဘဲအုပ်ချုပ်လည်းသွေးကွဲမှာပဲတဲ့။ ဘယ်သူတွေ ဘဲအုပ်ချုပ်သည်ဖြစ်စေသွေး
ကွဲမှာပဲလို့ရေးထားတယ် ပညာရှင်တစ်ယောက်အနေနှင့် ဒီလိုမရေးသင့်ဘူး။ ဒါဟာ ပုတ်ချတဲ့သဘောပါတယ်။

ဗဒုံမင်း ရခိုင်ကို သိမ်းပြီးနောက် ရခိုင်မှာ ရုံးစိုက်တဲ့ မြန်မာကိုယ်စားလှယ်အရာရှိဟာ
 အခွန်ကောက်ရာမှာ ရှေးကရှိရင်းစွဲထက်ပိုပြီးကောက်ခံတယ်။ ဒါကိုမြန်မာဘုရင်ကလည်း သဘောတူတယ်။ ခေတ်အဆက်ဆက်တက်လာတဲ့ မြန်မာဘုရင်တွေအကုန်လုံး အခွန်ကိုတိုးလို့သာကောက်ခံတယ်။ မယုံမရှိနဲ့။ ကုန်းဘောင်ခေတ်စစ်တမ်းတွေကို လေ့လာတဲ့ခါ ထင်းထင်းကြီးတွေ့လိမ့်မယ်။

ကျားကြောက်လို့ ရှင်ကြီးကိုးကာမှ အခွန်ပိနေတဲ့ ရခိုင်တွေဟာ အဲဒီကတည်းက မြန်မာဘု
ရင်တွေအပေါ် ယုံကြည်ကိုးစားမှုမရှိတော့တာ။ အင်္ဂလိပ်တွေ ရခိုင်ကိုသိမ်းတော့ သိပ်အခက်ခဲမရှိတာ အဲဒါတွေပါတယ်။ ဒီတော့ အခွန်တွေတိုးကောက်ပြီး ဘာမှပြန်မလုပ်ပေးတဲ့ အတွက်ရခိုင်ပြည်သူ/သား
 တွေဒုက္ခရောက်နေတာကို မကြည့်ရက်လို့ အင်္ဂလိပ်က ဝင်ကယ်ပါတယ်ဖြစ်ရော။
ဒါကိုကြည့်ပြီး ခေတ်သစ်နိုင်ငံရေးမှာ သင်ခန်းစာယူသင့်တယ်။

မြန်မာ့သမိုင်းမှာ ဘုရင့်နောင် ဆုံးပါးပြီးနောက် နန္ဒဘုရင် နန်းတက်တယ်။
အဲဒီကနေစပြီး မြန်မာဘုရင်တွေ အင်အားလျော့လာတယ်။ ဒီတော့ ယိုးဒယားတွေအားကောင်းလာပြန်တယ်။ ဟံသာဝတီအထိ ယိုးဒယားတွေ ဝင်ရောက်တိုက်
ခိုက်နိုင်ခဲ့တယ်။ အင်အားသိပ်မကောင်းတဲ့ တောင်ငူကို ဆက်တိုက်ရာမှာ ရခိုင်တပ်ကူတွေရောက်လာလို့သာ မြန်မာတွေ ယိုးဒယားလက်အောက်ခံ ဖြစ်ဖို့ရာ သီသီ
ကလေးလွတ်တာ။ အဓိကပြောချင်တာက ကျေးဇူးတရားသိတတ်ဖို့ရယ်ပါ။
 
အလေးထားတတ်ဖို့ရယ်ပါ။ တကယ်တော့ သမိုင်းလေ့လာတယ်ဆိုတာ နိုင်ငံရေး တစ်မျိုးပါဘဲဗျာ။ ဒါပေမယ့် လူမျိုးရေးမဟုတ်တာတော့ သေချာတယ်။

(
စာတမ်းတစ်စောင်ဖတ်မိရာက ဆက်စပ်တွေးတောရင်း ရေးမိတာပါ။)
Ananda Metta… မေတ္တာပန်းတို့ လန်းရာမြေ
http://www.anantametta.org/2012/08/blog-post_1935.html

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate